မွန်ပြည်နယ် ဆေးရုံအချို့မှာ ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေး၊ မေးမြန်းတာတွေ လုပ်နေတယ်လို့ လူနာရှင်တွေပြော
မော်လမြိုင် ၊ သြဂုတ် (၃၀) မွန်ပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေမှာ သွားရောက်ဆေးကုသမှု ခံယူကြတဲ့ လူနာနဲ့လူနာရှင်တွေကို စစ်ကောင်စီဝန်ထမ်းတွေက ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ကာလတုန်းကတော့ ဆေးကုသဖို့လာရောက်သူတွေကို စစ်ဆေးမေးတာတွေ မရှိခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ်ဆေးကုသဖို့လာတဲ့ လူနာနဲ့ လူနာရှင်တွေကို ကျန်းမာရေးဝန်ထမ်းတွေက…