August 2022

ထားဝယ်မှာ ကညနရုံးနဲ့ လဝကရုံး ပစ်ခတ်ခံရတာကြောင့် ၁ ဦးသေဆုံး

ထားဝယ် ၊ သြဂုတ် (၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်(၄)လမ်းမှာ ကပ်လျက်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးနဲ့လဝကရုံးဟာ သြဂုတ် ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ပစ်ခတ်ခံခဲ့ရတာကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အဲဒီရုံး ၂ ရုံးကို ထားဝယ်ပြောက်ကျားအဖွဲ့ဝင် ၂…

မွန်ဝန်ကြီးချုပ်ကို စစ်ကောင်စီက တရားပြန်စွဲထားတဲ့ အမှုအတွက် ဒီကနေ့မှာ ရုံးထုတ်ခဲ့

မော်လမြိုင် ၊ သြဂုတ် (၃၀) ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို အာဏာသိမ်း စစ်ကောင်စီက ပြန်လည် တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) ရဲ့ အမှု ၂ မှုအတွက် ဒီကနေ့ သြဂုတ် ၃၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့…

ရွှေဈေးနှုန်း ကျပ် သိန်း ၃၀ ကျော်ထိ စံချိန်တင် ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၃၀) ပြည်တွင်း ရွှေဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်တွေ တွေ့ဆုံပြီးနောက် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် ထပ်မံမြင့်တက်လာတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးနောက် ရွှေဈေးကစားသူတွေကို ဖမ်းဆီးဖို့၊ ရွှေအရောင်း…

သထုံ မြသပိတ်တောင်မှာ အသတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်း တွေ့ရှိ

သထုံ ၊ သြဂုတ် (၃၀) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြသပိတ်တောင်ရှိ ဝါးရုံအတွင်း အသတ်ခံထားရတဲ့ အမျိုးသမီး တစ်ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြသပိတ်တောင်တောထဲ မျှစ်ချိုးသွားသူတစ်ဦးက ပုတ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်း တစ်ခု တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် တာဝန်ရှိသူတွေကို…

ပါကစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်များအား ၎င်းတို့ရဲ့ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားတယ်လို့ တာလီဘန်တွေစွပ်စွဲထား

ကဘူးလ် ၊ သြဂုတ် (၃၀) အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တွေကို ပါကစ္စတန်ရဲ့လေပိုင်နက်ထဲ အသုံးပြုခွင့်ပေးထားကြောင်း တာလီဘန် ယာယီကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက ကဘူးလ်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန်အယ်ဇဝါဟီရီ သေဆုံးခဲ့ရတဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် အဆင့်မြင့်အချက်အလက်တွေမှာ ပါဝင်ပတ်သက်မှုကို ပါကစ္စတန်အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ ပါကစ္စတန်မှတစ်ဆင့်…

ကမ္ဘာ့ဆန်စျေးမြှင့်တင်ဖို့ ထိုင်နဲ့ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မယ်

ဘန်ကောက် – ဩဂုတ်(၃၀) ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေဖို့အတွက် လပေါင်းများစွာ ဆွေးနွေးမှုအပြီးကမ္ဘာ့စျေးကွက်မှာဆန်စျေးနှုန်းမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက ထိုင်နဲ့ ဗီယက်နမ်တို့ဟာ ဆွေးနွေးပွဲကို စတင်ခဲ့တာကာ သူတို့ရဲ့ ဆန်တင်ပို့မှု စျေးနှုန်းမြှင့်တင်ဖို့၊ကမ္ဘာ့စျေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို မြှင့်တင်ပြီး လယ်သမားတွေရဲ့ ဝင်ငွေ မြှင့်တင်ပေးနိုင်ဖို့…

ဆူမားတြားကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့

ဂျာကာတာ – ဩဂုတ်(၃၀) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်တစ်ခု ဩဂုတ်လ (၂၉) ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းမှာတတိယမြောက်လှုပ်ခတ်မှုဖြစ်တယ်လို့ နိုင်ငံရဲ့ ဘူမိရူပဗေဒအေဂျင်စီက ပြောဆိုထားပါတယ်။ ဆူမားတြားအနောက်ဘက်ကမ်းရိုးတန်းက မန်တာဝေ ကျွန်တွေမှာ မနက် (၁၀) နာရီခွဲမှာ လှုပ်ခတ်သွားတာဖြစ်ပြီး ဆူနာမီသတိပေးချက် မထုတ်ပြန်ထားဘူးလို့မိုးလေဝသနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) ကဆိုထားတာပါ။ အေဂျင်စီက…

ရိုဟင်ဂျာဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်ဖို့ NUG ကြိုးစားနေတယ်လို့ဆို

မော်လမြိုင် – ဩဂုတ်(၃၀) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့ ပြည်တော်ပြန်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းမွန်သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေရှ် နိုင်င့မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ဩဂုတ်လ (၂၉) ရက်နေ့ ညပိုင်း တွေ့ဆုံချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။ “အိမ်နီးနားချင်းနိုင်ငံတွေမှာ…

သထုံမြို့နယ် မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရလို့ မီးလောင်ပျက်စီး

သထုံ၊ သြဂုတ် ၃၀ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ သြဂုတ် ၂၉ ရက်နေ့ ည ၇ နာရီလောက်က ဗုံးခွဲခံရတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိအဖွဲ့တစ်ခုက ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ဗုံးပေါက်ကွဲပြီး‌နောက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးပြိုကျခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ဆိုပါတယ်။ “အဲဒီရုံးက လူမရှိလိုဘူး။ ညက ပေါက်ကွဲသံကြားပြီး မီးလောင်သွားတာ။ ရုံးကလည်း နဂိုကတည်းက…