မြိုင်မှာ စစ်ထောက်လှမ်းရေးတစ်ဦးအရှင်ဖမ်းခဲ့ပေမယ့် ပြန်ခုခံလို့ အသေပစ်ခတ်ခဲ့ရ
မြိုင် – ဩဂုတ်(၂၀) မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ထောက်လှမ်းရေးတစ်ဦး ကို ဖမ်းဆီးစဉ်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန်မှာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်ထောက်လှမ်းရေးဟာ ဗိုလ်ဆန်းဝင်းအောင်ဆိုသူဖြစ်ပြီး သူနဲ့အတူ အထောက်အထား ပစ္စည်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ ဆိုထားပါတယ်။ သူနဲ့အတူ စာရွက်စာတမ်းတွေ၊၊ Gopro Hero 9 ကင်မရ (၁)လုံးနဲ့ စပ်ဆက်ပစ္စည်း၊ 4k video camera…