August 2022

စစ်ကောင်စီ စခန်း(၈) ခုကို ကရင်နီတပ်မတော်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့

ရှားတော – ဩဂုတ်(၂၁) ကရင်နီပြည်နယ် ရှားတောမြို့အတွင်းက စစ်ကောင်စီရဲ့ ခြေကုပ်စခန်း(၈) ခုကို ကရင်နီတပ်မတော် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ Karenni Army Center- Kn.A.C က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀(တငူးဆို စခန်း)အပါအဝင် ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခြေကုတ်စခန်း(၈) ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုထားတာပါ။ ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းပွိုင့် (၅၃၅၀) (တငူဆို…

အနောက်နိုင်ငံတွေက ဖယ်ကျဉ်ထားတဲ့ ရုရှားရဲ့ ကျောက်မီးသွေး ကို တရုတ်ငါးနှစ်အတွင်း အများဆုံးတင်သွင်းခဲ့

ပေကျင်း – ဩဂုတ်(၂၁) အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားရဲ့ ကုန်စည်းတွေကို ရှောင်ဖယ် ထားချိန်မှာ တရုတ်က ရုရှားကျောက်မီးသွေးကို လျှော့စျေးနဲ့ဝယ်ယူခဲ့တဲ့အတွက် ဇူလိုင်လအ တွင်းတင်သွင်းခဲ့တာဟာ (၅) နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး(၁၄) ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ကျောက်မီးသွေးတန်ချိန်(၇.၄၂) သန်းကို ပြီးခဲ့တဲ့ လက သယ်ယူ လာခဲ့တယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပြီး အဲ့ဒီပမာဏဟာ…

ကမ္ဘောဒီးယားက ကာစီနိုရုံမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ ဗီယက်နမ်လုပ်သားတွေ မြစ်ကိုကူးပြီး ထွက်ပြေးခဲ့

ဖနွမ်းပင် – ဩဂုတ်(၂၁) ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုရုံတွေမှာ အခကြေးငွေမရပဲ မတရားခိုင်းစေခံနေရတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ဗီယက်နမ်းနိုင်ငံသားတွေ မြစ်ကိုကူးပြီး သူတို့ရဲ့ ဇာတိမြေကို ထွက်ပြေး သွားတယ်လို့ ဩဂုတ်လ(၁၉) ရက်နေ့က အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယား ကန်ဒယ်ခရိုင်ဒေသန္တရမှာ ဖွင့်လှစ်ထားတဲ့ Golden Phoenix Entertainment ကာစီနိုရုံက ဝန်ထမ်း(၄၀)…

စစ်ကောင်စီရဲ့ စစ်ဆေးရေးတင်းကြပ်နေလို့ ထိုင်းကုန်ပစ္စည်းစီးဆင်းမှု အခက်တွေ့နေတယ်လို့ ကုန်သည်တွေဆို

မြဝတီ – ဩဂုတ်(၂၁) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီ ကလုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုတွေပိုမိုလုပ်ဆောင်နေလို့ အချိန်ကြန့်ကြာပြီး ကုန်စည် စီးဆင်းမှု နှေးကွေးလာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကုန်တင်ကားတွေနဲ့ ယာဉ်မောင်းတွေကို ဂိတ့်အဆင့်ဆင့် နဲ့ အချိန်ယူစစ်ဆေးတာတွေလုပ်ဆောင် နေသလို ညမထွက်ရ အမိန့်တွေကြောင့်လည်း ကုန်ကားတွေဟာ အရင်ကထက် လမ်းမှာ အချိန်ပို ကြာနေရတာပါ။ “…

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ လုပ်တာဟာ သူတို့ ယုံကြည်စိတ်ချရတဲ့သူကို အစားထိုးတာလို့ သုံးသပ်သူတွေ ပြော

ရန်ကုန် ၊ သြဂုတ် (၂၀) အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားတဲ့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ လုပ်တာဟာ သူတို့ ယုံကြည်စိတ်ချရတဲ့သူကို အစားထိုးတာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးတချို့ကို အနားပေးတာနဲ့ အပြောင်းအလဲ လုပ်တာတွေ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၁၉…

မွန်ပြည်နယ်မှာ ဆေးဝါးဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၁) မွန်ပြည်နယ်မှာ ဆေးဝါးတင်သွင်းမှု အခက်အခဲကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် အခြေခံဆေးဝါး ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆေးဈေးနှုန်းဟာ မြန်မာငွေတန်းဖို ကျဆင်းပြီး ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေ အပါအဝင် ဆေးဝါး အလွယ်တကူ တင်သွင်းခွင့်…

တရုတ်နိုင်ငံသားပိုင်စက်ရုံက စစ်ကိုင်းနဲ့မကွေးမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ခြိမ်းခြောက် အလုပ်ဖြုတ်

ရန်ကုန် ၊ ဩဂုတ်(၂၀) တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံက စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ဝန်ထမ်းအယောက် (၁၀၀) ဝန်းကျင်ကို ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေ က သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲ့ဒီစက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အဝတ်အထည်တွေ ကို ချုပ်တဲ့ စက်ရုံဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်မှုတွေရှိပြီး စက်ရုံကို…

ရေဖြူမှာ လူငယ်တစ်ဦး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရ၊ အလောင်းပြန်မရသေး

ရေဖြူ ၊ သြဂုတ် (၂၁) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာမှာ စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က ကလုံးထာကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားတဲ့ နေရာကို ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်းသွားတဲ့ အသက် ၁၉ နှစ်အရွယ် ဒေသခံ…

ဘီးလင်းမြို့နယ်က PDF တပ်ဖွဲ့ဝင် အမည်စာရင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ် ညွှန်ကြား

ဘီးလင်း ၊ သြဂုတ် (၂၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အမည်စာရင်း ကောက်ယူပြီး ပြန်လည် တင်ပြကြဖို့ စစ်ကောင်စီတပ်က ရဲနဲ့အုပ်ချုပ်ရေးမှူးအဖွဲ့တွေကို ညွှန်ကြားလာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘီးလင်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ အစည်းအဝေးခေါ်ယူပြီး PDF တပ်ဖွဲ့ဝင်…

အဝေးပြေးကားလက်မှတ်ရောင်းရင် မှတ်ပုံတင်နဲ့ နေရပ်လိပ်စာအပြည့်ယူဖို့ စစ်ကောင်စီ အမိန့် ထုတ်

ရန်ကုန် – ဩဂုတ်(၂၀) အဝေးပြေးကားလက်မှတ်ရောင်းချချိန်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည်ရဲ့ နေရပ်လိပ်စာအပြည့် အစုံယူထားဖို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အရင်က အဝေးပြေးယာဉ်လိုင်းစီးနင်းရင် ခရီးသည်ရဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင် နံပါတ်) နဲ့ ဖုန်းနာပါတ်ကိုသာ တောင်းယူတာရှိပေမယ့် လက်ရှိမှာတော့ လိပ်စာအပြည့်အစုံကို တောင်းယူခိုင်းနေတာပါ။ “အခုက…