Radio Than Lwin Times(20/8)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ယင်းမာပင် – ဩဂုတ်(၂၃) ဒီနေ့ ဩဂုတ်လ(၂၃) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ ” ဆိုခဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
တနင်္သာရီ ၊ သြဂုတ် (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီး တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုက PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တုန်းက ကော့မပြင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က…
မြဝတီ ၊ သြဂုတ် (၂၃) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ မြဝတီခရိုင် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံခဲ့ရတယ်လို့ အသင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီဘက်ကနေ ဘားအံဘက်ကို အရေးပေါ် လူနာတင်လာပြီး ဆင်းလာတဲ့ လူမှုကူညီရေးအသင်းကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ လှမ်းပစ်ခဲ့တာဖြစ်ပါတယ်။…
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများအား PDF အကြမ်းဖက်သမားများမှ ကျေးရွာအတွင်း နေထိုင်းခြင်းမပြုရန် ခြိမ်းခြောက်” ဆိုတဲ့ သတင်းနဲ့ဓါတ်ပုံတွေကို…
ဒူဘိုင်း ၊ သြဂုတ် (၂၃) ဆော်ဒီအာရေးဗီးယားကို ထောက်ခံအားပေးတဲ့ ဆက်ဆံရေးတွေကို အဆင့်နှိမ့်ချပြီး ခြောက်နှစ်အကြာ တီဟီရန်ဆိုင်ရာ သံအမတ်က ရက်ပိုင်းအတွင်း တာဝန်တွေ ပြန်စမယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စုက တနင်္ဂနွေနေ့က ပြောပါတယ်။ အဆိုပါလှုပ်ရှားမှုဟာ “နှစ်နိုင်ငံနှင့်ပိုမိုကျယ်ပြန့်သောဒေသရဲ့ ဘုံအကျိုးစီးပွားကိုရရှိရန်” ကြိုးပမ်းမှုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေးအရ ညှိနှိုင်းမှုများ အပြောင်းအလဲနှင့်အတူ UAE သမ္မတအကြံပေးက ဇူလိုင်လလယ်မှာ…
မနီလာ – ဩဂုတ်(၂၃) ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအကူးအပြောင်းကာလအတွင်းမှာ မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်မှု တွေပိုမိုကြီးထွားလာပြီး သမ္မတဟောင်း ဒူတာတေး ဆောင်ရွက်ခဲ့တဲ့အတိုင်း မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ လုပ်ဆောင်နေတဲ့ သမ္မတမားကိုစ့်ဂျုနီယာရဲ့ အစိုးရ အဖွဲ့ကို သတင်းသမားတွေ သတိထားနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ Website နှစ်ဒါဇင်ကျော်ကိုပိတ်ဆို့ခဲ့ပြီး ကွန်မြူနစ် အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမှီအခိုကင်းတဲ့…
ပေကျင်း – ဩဂုတ်(၂၃) အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်မူဝါဒနဲ့ အိမ်ခြံမြေစျေးကွက်ကျဆင်းမှုတို့ကြောင့် စီးပွားရေးမြှင့် တင်ဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်ဗဟိုဘဏ်က ချေးငွေနှုန်းထားတွေကို လျှော့ချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီးနောက် စီးပွားရေးဟာ တိုးတက်မှု ရှိလာပေမယ့် ပုံမှန်ထက် အားနည်းနေသေးတာပါ။ ကော်ပိုရိတ်ချေးငွေတွေအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်တဲ့တစ်နှစ်ချေးငွေ အဓိကနှုန်းထားကို (၃.၇%) မှ (၃.၆၅%) ကို လျှော့ချလိုက်တယ်လို့…
မော်လမြိုင်၊ ဩဂုတ်၊ (၂၃) မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက် ဆံတော်ရှင်ဘုရားကို သွယ်တန်းထားတဲ့ 11 KV လျှပ်စစ်မီးကြိုးတွေ မီးပြတ်နေစဉ်မှာ ဖြုတ်ယူခိုးခံခဲ့ရတယ်လို့ ဂေါပကအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်ညပိုင်း မီးပြတ်နေစဉ်မှာ မီတိုင် ၄ တိုင်စာ အရှည်ပေ ၈၀၀ နီးပါးရှိတဲ့ ၂ ချောင်းလိုင်း ကေဘယ်တွေကို ခိုးယူသွားတာဖြစ်ပါတယ်။…
https://youtu.be/VzfdxvSfITU