August 2022

စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်လို့ရပြီး၊ ဈေးနှုန်းလည်း ဆက်တိုက်တက်နေ

Than Lwin Times မော်လမြိုင်၊ဩဂုတ် ၂၄ အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီတွေ လိုသလောက် ဝယ်ယူရနိုင်တယ်လို့ ပြောဆိုထားပေမယ့် အကန့်အသတ်နဲ့သာရရှိပြီး ဈေးတွေလည်း မြင့်တက်လာနေတယ်လို့ မွန်ပြည်နယ်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “ခွဲတန်းနဲ့ ရတာဆိုတော့ ကုန်တာမြန်တယ်လေ၊ ကုန်ရင်တော့ ဆိုင်ပိတ်ရတာပေါ့၊ ဆီဆိုင်ကြီးတွေကလဲ လိုသလောက်သွင်းမရတော့ ကျွန်တော်တို့ ဆီဆိုင်သေးတွေကို ခွဲတန်းနဲ့ ချထားပေးရတာ” လို့ မွန်ပြည်နယ် ရေးမြို့နယ်က…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ယော PDF အချင်းချင်းအဝေမတည့်ကာ PDFတစ်ဦးမှ ယော PDF ရုံးခန်းအားမီးနဲ့ရှို့ကာထွက်ပြေး”ဆိုတဲ့ သတင်းကို စိစစ်ပေးပါမယ်။ ဒီအကြောင်းအရာကို…

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ ရာထူးတာဝန်တွေကို ရပ်နားထားဖို့ တရားရုံးအမိန့်ချ

ဘန်ကောက် – ဩဂုတ်(၂၄) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ရဲ့ ရာထူးတာဝန် အလုပ်တွေကို ရပ်ဆိုင်းထားရမယ်လို့ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဒီနေ့ ဩဂုတ်လ(၂၄) ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုင်းဝန်ကြီးချုပ်ဟာ သက်တမ်းကာလ(၈) နှစ်အထိပဲတာဝန်ထမ်း ဆောင်ရမယ်လို့ ပြဌာန်းထားပြီး မစ္စတာ ပရာယွတ်ရဲ့ ရာထူးသက်တမ်းဟာ အငြင်းပွားဖွယ် ဖြစ်နေတဲ့အတွက် တရားရုံးက…

အိန္ဒိယနိုင်ငံကဆန့်ကျင်နေတဲ့ တရုတ်စစ်သုံးသင်္ဘောရဲ့ အလည်ပတ်ခရီးစဉ်ပြီးနောက် သီရီလင်္ကာကပြန်လည်ထွက်ခွာ

ကိုလံဘို – ဩဂုတ်(၂၄) အိန္ဒိယနိုင်ငံရဲ့ ဆန့်ကျင်မှုတွေရှိနေတဲ့ တရုတ်စစ်သုံးသင်္ဘော တစ်စင်းဟာ သီရီလင်္ကာနိုင်ငံမှာ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ Hambantota ဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွား ပြီ ဖြစ်တယ်လို့ ဆိပ်ကမ်း ကုမ္ပဏီက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ Yuan Wang 5 ဟာ ဂြိုလ်တု၊ဒုံးပျံနဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်တဲ့ တရုတ်သင်္ဘောအုပ်စုမှာ ပါဝင်တယ်လို့ လေ့လာသူတွေက ပြောဆိုထားတာပါ။…

မြောက်ကိုရီးယားနှင့် အ‌ခြေအနေတင်းမာချိန်မှာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်‌ရေးလေ့ကျင့်မှုစတင်

ဆိုးလ် ၊ သြဂုတ် (၂၄) မဟာမိတ်တွေက မြောက်ကိုရီးယားရဲ့ အလားအလာရှိသော လက်နက်စမ်းသပ်မှုတွေအတွက် ကြိုးပမ်းနေချိန်မှာ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ၎င်းတို့ရဲ့ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ (သြဂုတ် ၂၂ ရက်) နေ့မှာ ပြန်လည်စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အခုနှစ်မှာ အာချီ (Ulchi Freedom Shield) လို့ အမည်ပြောင်းထားတဲ့ နွေရာသီလေ့ကျင့်ခန်းကို…

ထိုင်းဗဟိုဘဏ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာလမ်းညွှန်ချက်တွေ ထုတ်ပြန်မယ်

ဘန်ကောက် – ဩဂုတ်(၂၄) ထိုင်းနိုင်ငံဗဟိုဘဏ်က ငွေကြေးပေးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားဖို့အတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သုံးလပတ်အတွင်း ထုတ်ပြန်မယ့် လမ်းညွှန်ချက်တွေဟာ ဘဏ္ဍာရေးကဏ္ဍ၊စီးပွားရေးလုပ်ငန်း တွေနဲ့ အစိုးရကဏ္ဍတို့ကို စိမ်းလန်းတဲ့ စီးပွားရေးအဖြစ်ကူးပြောင်းချိန်မှာ အထောက်အကူဖြစ် စေလိမ့်မယ်လို့ ထိုင်ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ဘဏ်တွေဟာ ဘယ်လိုငွေထုတ်ချေးရမယ်ကို…