အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU တုံ့ပြန်
ဝင်းရေး ၊ သြဂုတ် (၂၅)ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲကို လေကြောင်း၊ကြည်းကြောင်းနဲ့ အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ဆင်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးအမျိုးမျိုးသုံးကာ တရစပ် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ တပ်မဟာ(၆)ထဲ…