August 2022

စစ်အာဏာသိမ်း ရက် (၅၇၁) အတွင်း သတ်ဖြတ်ခံရသူ ၂၂၄၈ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၂၆ AAPP ၏ ဩဂုတ်လ (၂၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၁)အတွင်း ပြည်သူ (၂၂၄၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၂၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

လေဆိပ်နဲ့ ဆိပ်ကမ်း စီမံကိန်းအတွက် မြေယာလျော်ကြေး အပြည့်အဝ ပေးမယ်လို့ ပြည်နယ်စစ်ကောင်စီ အာမခံ

မော်လမြိုင် ၊ သြဂုတ် (၂၆) မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် မြေယာလျော်ကြေး အပြည့်အဝ ပေးသွားမယ်လို့ မွန်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ…

ရေးမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကြောင့် ပြည်သူတွေ စားဝတ်နေရေးပါ ထိခိုက်လာ

ရေး ၊ သြဂုတ် (၂၆) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကြောင့် ပြည်သူတွေဟာ သွားရေးလာရေးအပြင် စားဝတ်နေရေးပါ ထိခိုက်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံဌာနဆိုင်ရာရုံးတွေ မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ်…

ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေ အမည်စာရင်းပေးကြဖို့ စစ်ကောင်စီ တောင်းခံ

မော်လမြိုင် ၊ သြဂုတ် (၂၆) မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမည်စာရင်းပေးကြဖို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးတွေထံ စစ်ကောင်စီတပ်က တောင်းခံနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကောင်စီတပ်ဟာ ရှေ့တန်းထွက်နိုင်မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမည်စာရင်း ပေးကြဖို့နဲ့ ရှေ့တန်းက ပြန်လာရင် အိမ်၊ခြံကွက်နဲ့ ရာထူးတိုးပေးမယ်ဆိုပြီး စည်းရုံးလာတာပါ။ “စစ်သားတွေနဲ့ ရှေ့တန်းမှာ လိုက်မယ့် ရဲတွေရှိရင် အမည်စာရင်း…

ကျိုက်ထိုမှာ တော်လှန်ရေးနာမည်ခံပြီး လုပ်ငန်းရှင်တွေထံက ခြိမ်းခြောက်ငွေတောင်းတာတွေရှိနေ

ကျိုက်ထို ၊ သြဂုတ် (၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက လုပ်ငန်းရှင်တွေထံကနေ တော်လှန်းအဖွဲ့အစည်းအမည်ခံပြီး လူတစ်စုက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်အကောင်းယူပြီး လူတစ်စုဟာ တော်လှန်ရေးအဖွဲ့အမည်ခံပြီး လုပ်ငန်းရှင်တွေဆီကနေ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းမှုတွေ KRF အနေနဲ့ စုံစမ်းသိရှိထားပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တော်လှန်ရေး…

တွံတေးမီးသတ်ရုံက စစ်ကောင်စီကင်းစခန်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်တိုက်ခိုက် (၃) ဦးသေဆုံး

တွံတေး – ဩဂုတ်(၂၅) ရန်ကုန်တိုင်း တွံတေးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ မီးသတ်ရုံးကို နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်အစောပိုင်းမှာတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃) ဦးသေဆုံးခဲ့တယ်လို့ S.O.F Squad-3 က သတင်းထုတ်ပြန်ထားပါ တယ်။ စစ်ကောင်စီတပ်သား(၂၀) တပ်စွဲထားတဲ့ မီးသတ်ရုံးနဲ့ လုံခြုံရေးချထားတဲ့ ဘန်ကာကို M-16 ရိုင်ဖယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ထွက်မိုင်းတစ်လုံးကိုလဲ အနီးကပ်…

အသက်မပြည့်သေးတဲ့ကလေးငယ်အပါအဝင် မိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ YDF(SAW) ကို ဆန္ဒပြ

ဆော – ဩဂုတ်(၂၅) မကွေးတိုင်းဆောမြို့မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မိသားစုလိုက်သတ်ဖြတ်ပြီး ပစ္စည်းတွေလုယက်ခံလိုက်ရတဲ့အတွက် YDF(SAW) အဖွဲ့ကို ဒေသခံတွေက ရှုတ်ချခဲ့ကြပါ တယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၂၁) ရက်နေ့ က YDF(SAW) အဖွဲ့ဟာ ပျူစောထီးတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုဝင်အားလုံးကို သတ်ဖြတ်ပြီး ပစ္စည်းတွေ ကိုလုယက်ခဲ့တဲ့အတွက် အခုလိုရှုတ်ချတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီလိုကိစ္စမျိုးကိုတော့ ကျွန်တော်တို့ဒေသခံတွေကလက်မခံပါဘူး။…

ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းဖြစ်သူကို လဝကဥပဒေချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ရန်ကုန် – ဩဂုတ်(၂၅) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ဖောက်ဖျက် နေထိုင်လို့ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့ ညပိုင်းက သူတို့ဇနီးမောင်နှံကို ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခေါ်ဆောင်သွားတာပါ။ မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်…

ရေးတံတားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး (၅)ဦးလောက်သေဆုံးခဲ့

ရေး – ဩဂုတ်(၂၅) မွန်ပြည်နယ် ရေးမြို့နဲ့(၃) မိုင်အကွာက ရေး-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ရေးတံတားပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်ပိုင်းက ရေးဘီလူး အဖွဲ့က တိုက်ခိုက်ခဲ့လို့ (၅) ဦးလောက်သေဆုံးခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက်(၁၀) နာရီလောက်က ရေးဘီးလူးအဖွဲ့က အင်အားသုံးပြီး ဝင်ရောက်ပစ်ခက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိခဲ့တာပါ။ “မနက်က ရေးတံတား…