August 29, 2022

အမှန်/အမှား

သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု စွပ်စွဲချက်နဲ့ သေဒဏ်ကျခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းဘုရင်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းကို…

စျေးကောက်လာတဲ့ ပျူစောထီးတွေကို အမျိုးသမီးရဲဘော်တွေ ပစ်ခတ်ရှင်းလင်း

ရေစကြို – ဩဂုတ်(၂၉) မကွေးတိုင်း ရေစကြိုမြို့က ဘောလုံးကွင်းစျေးကို စျေးကောက်လာတဲ့ ပျူစောထီးခေါင်းဆောင် အပါအဝင်(၆) ဦးကို အမျိုးသမီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာပဲ သေဆုံးသွား ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဩဂုတ်လ(၂၉) ရက်နေ့ မနက်(၈) နာရီဝန်းကျင်မှာ အမျိုးသမီး ပြောက်ကျား တပ်ဖွဲ့ဝင်တွေ က ပစ်ခတ်ရှင်းလင်း ခဲ့တာပါ။…

NLD တီရှပ်ဝတ် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီတပ်သားတွေ ဖမ်းထား

သရက်ချောင်း – ဩဂုတ်(၂၉) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က စုံစင်ကျေးရွာက စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့ အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ရိုက်နှိက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၄၀ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကိုမင်းလဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မဲဆွယ်ကာလမှာ ဖြန့်ဝေခဲ့တဲ့ တီရှပ်အင်္ကျီဝတ်ဆင်ကာ လမ်းသွားလာနေရင်း စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့…