မနီလာ ၊ သြဂုတ် (၂၈)

မလေးရှားနိုင်ငံမှာ အငြင်းပွားဖွယ် စစ်သင်္ဘောစီမံကိန်းနှင့် ပတ်သက်တဲ့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆက်နွှယ်ပတ်သက်နေတယ်လို့ ထင်ကြေးပေးခံရတဲ့ ဝန်ကြီးတစ်ပါးရဲ့ မိသားစုဝင်တွေက မည်သည့်စီးပွားရေးလုပ်ငန်းတွင်မှ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

စစ်သင်္ဘောစီမံကိန်း (အထူးတာဝန်များ) ဝန်ကြီးဌာနမှ ဝန်ကြီး အက်ဒူ လက်တစ်ဖ် က ၎င်းရဲ့ ဇနီး ဒါမှမဟုတ် ဇနီးများ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့တာ ခဲ့ပါတယ်။

တနင်္လာနေ့က အတိုက်အခံ နိုင်ငံရေးသမား ရာဖီဇီ ရာမေးလ် က ဝန်ကြီး အက်ဒူ လက်တစ်ဖ် ကို အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ ချေးယူပြီး တော်ဝင်မလေးရှားရေတပ်ရဲ့  တိုက်ခိုက်ရေးသင်္ဘော (LCS) ပရောဂျက်မှာ အဓိကပါဝင်သူဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တွင် မလေးရှားရေတပ်ဟာ ပြည်တွင်းသင်္ဘောတည်ဆောက်ရေးကုမ္ပဏီတစ်ခုကို အိတ်ဖွင့် တင်ဒါမပေးပဲ  စစ်သင်္ဘောငယ်ခြောက်စင်းဆောက်လုပ်ရန်အတွက် လုပ်ငန်းပေးအပ်ခဲ့ဖူးပါတယ်။ 

မလေးရှားကမ်းရိုးတန်း ကင်းလှည့်ရန်အတွက် အသုံးပြုမယ့် သင်္ဘောများ ပို့ဆောင်ခြင်းကို 2019 ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သင်္ဘောငါးစင်းကို ယခုလတွင် ပို့ဆောင်ရမှာဖြစ်ပြီး လာမည့်နှစ်မှာ ခြောက်စင်းမြောက်  သဘောင်္ကို ပို့ဆောင်ရမှာ ဖြစ်ပါတယ်။  ဒါပေမယ့် ယနေ့အထိ ထိုလုပ်ငန်းစဥ် အတွက် သင်္ဘောတစ်စင်းမှ အဆင်သင့်မဖြစ်သေးပါဘူး။

အဆိုပါ ပရောဂျက်ဟာ ၄၄ ရာခိုင်နှုန်းခန့်သာ ပြီးစီးနေကြောင်း နှစ်ဖက်ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်သို့ သြဂုတ်လ (၄)ရက်နေ့မှာ အစီရင်ခံတင်ပြခဲ့ပါတယ်။

အစိုးရရန်ပုံငွေ ရင်းဂစ် ၁.၄ ဘီလီယံကို ကန်ထရိုက်တာမှ အခြားရည်ရွယ်ချက်အတွက် အသုံးပြုခဲ့ကြောင်း ကော်မတီက ပြောကြားခဲ့ပါတယ်။

အဆိုပါ ပရောဂျက်အတွက် ရင်းဂစ် ၉ ဘီလီယံ စာချုပ်မှာ တာဝန်ရှိသူက  စုစုပေါင်း ရင်းဂစ် ၆ ဘီလီယံကိုသာ ပေးချေခဲ့တာကြောင့် လူအများ ‌ဒေါသထွက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာတာပါ။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.