မနီလာ ၊ သြဂုတ် (၂၆)

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း မာအွန် သည် ဩဂုတ် ၂၅ ရက်ရက်နေ့မှာ တိုက်ခတ်ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းသို့ ဦးတည်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေး အန္တရာယ်အေဂျင်စီက ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်)နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မြောက်ပိုင်းပြည်နယ် ကာလင်ဂါ နှင့် ကာဂါယန် တို့မှာသစ်ပင်ပြိုကျပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အရှေ့ပိုင်း ကာမရင်းဆာ ပြည်နယ်မှာ တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်အေဂျင်စီက အတည်ပြုပြောကြားခဲ့ပါတယ်။

လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အချို့သော သတင်းအစီရင်ခံမှုတွေအရ သိရပါတယ်။

လေတိုက်နှုန်း ၁၁၀ ကီလိုမီတာအထိ ဆက်တိုက် တိုက်ခတ်နေခဲ့တဲ့ မန်အွန်မုန်တိုင်းဟာ လွန်ခဲ့သော အင်္ဂါနေ့မှာ ဖိလစ်ပိုင် အရှေ့မြောက်ပိုင်းမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့တာပါ။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ရွာအတွင်း ရေလျှံကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မြို့တော်ဒေသနှင့် ကပ်လျက်ပြည်နယ်များရှိ အစိုးရရုံးများနှင့် အစိုးရကျောင်းများကို နှစ်ရက်ကြာ ပိတ်ထားဖို့ ကြေညာခဲ့ပါတယ်။

ဧပြီလအတွင်းက တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်း မီဂီ ကြောင့် ကမ်းရိုးတန်းပြည်နယ်တွေမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၄ ဦးရှိခဲ့ပါတယ်။

ဇူလိုင်လ နှောင်းပိုင်းက ဖိလစ်ပိုင်နိုင်ငံငံ လူဇွန်ကျွန်းပေါ်မှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့နေ အိမ်တွေကို အသစ်ပြန်လည်တည်ဆောက်မယ်လို့ သမ္မတ မားကိုစ်က ကတိပြုခဲ့ပြီးလက်ရှိမှာ တော့  ပြည်သူ တွေဟာ ပန်းခြံတွေနဲ့ လမ်းဘေးပလက်ဖောင်းတွေပါ်မှာ တဲထိုးနေထိုင်နေကြပါ တယ်။ 

ပြင်းအား(၇.၁) မက်ဂနီကျူရှိတဲ့ ငလျင်ဟာ ဖိလစ်ပိုင်မြောက်ပိုင်းကျွန်းတွေပါ်မှာ ဗုဒ္ဓဟူး နေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၅) ဦးသေဆုံးကာ လူ(၁၃၀) ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။) 

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.