ဘန်ကောက် – ဩဂုတ်(၂၄)

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ရဲ့ ရာထူးတာဝန် အလုပ်တွေကို ရပ်ဆိုင်းထားရမယ်လို့ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဒီနေ့ ဩဂုတ်လ(၂၄) ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုင်းဝန်ကြီးချုပ်ဟာ သက်တမ်းကာလ(၈) နှစ်အထိပဲတာဝန်ထမ်း ဆောင်ရမယ်လို့ ပြဌာန်းထားပြီး မစ္စတာ ပရာယွတ်ရဲ့ ရာထူးသက်တမ်းဟာ အငြင်းပွားဖွယ် ဖြစ်နေတဲ့အတွက် တရားရုံးက စစ်ဆေးနေချိန်မှာ ရာထူးတာဝန်တွေဆိုင်းငံ့ထားဖို့ ညွှန်ကြားခဲ့ တာပါ။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ်ဩဂုတ်လ(၂၄) ရက်နေ့မှာ နိုင်ငံရဲ့ အာဏာသိမ်းယူပြီး ဝန်ကြီးချုပ်ရာထူးယူခဲ့တာ ဟာ သက်တမ်း(၈) နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ရာထူးကနေဖယ်ရှားပေးဖို့ အတိုက်အခံတွေက အခြေခံဥပဒေဆိုင်ရာ တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို တာဝန်ကနေရပ်ဆိုင်းလိုက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး က (၅)မဲ (၄) မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ထောက်ခံသူတွေက အာဏာသိမ်းချိန်မှာ အိမ်စောင့်အစိုးရ ဝန်ကြီး ချုပ်အဖြစ်(၅) နှစ်တာဝန်ယူခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတာ (၃) နှစ်ပဲရှိသေးတယ်လို့ တုံ့ပြန်ထားပါတယ်။

အဲ့ဒီအတွက် အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဝန်ကြီးချုပ် သက်တမ်းကာလ (၈) နှစ်ပြည့်၊ မပြည့် အငြင်းပွားစရာတွေဖြစ်လာချိန်မှာ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပရာယွတ်ကို ရာထူးတာဝန်ကနေ ရပ်နားထားဖို့ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.