ရန်ကုန် – ဩဂုတ်(၂၃)

အာဏာသိမ်းစစ်ခေါင်းဆောင်သိမ်းယူထားတဲ့ ရန်ကုန်မြို့(၆)မိုင်ခွဲက Inya View ကို ပြည်သူတွေဆီ ရှယ်ယာစနစ်နဲ့ ရောင်းချနေရာ လက်ရှိအချိန်ထိ ဒေါ်လာ (၂) သန်းဖိုးအထိရောင်းချထားနိုင်ပြီဖြစ် တယ်လို့ EOD က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာရှင်အဆုံးသတ်နိဂုံးခေါင်းစဉ်နဲ့ ဒုတိယစီမံချက်ဖြစ်တဲ့ Inya View ကို ဩဂုတ်လ(၇) ရက်က စတင်ရောင်းချနေတာဖြစ်ပြီး ဒီနေ့ အထိ ရှယ်ယာ (၂၈) ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ (၂) သန်းဖိုး ရောင်းချထားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။

အဲ့ဒီမြေနဲ့ အဆောက်အဦးကို ရှယ်ယာတစ်စုအတွက် ဒေါ်လာ (၁၀၀) သတ်မှတ်ရောင်းချနေတာ ဖြစ်ပြီး ပြည်သူတွေရဲ့ ဝယ်ယူမှု အခြေအနေဟာ အားရဖွယ်ကောင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့(၆)မိုင်ခွဲက Inya View မြေနဲ့ အဆောက်အဦးကို ရှယ်ယာတန်ဖိုး ဒေါ်လာ (၇) သန်း သတ်မှတ်ထား တယ်လို့ သိရပါတယ်။

အာဏာရှင်အဆုံးသတ်နိဂုံးခေါင်းစဉ်နဲ့ ဒုတိယစီမံချက်ဖြစ်တဲ့ Inya View မတိုင်ခင်က EOD ရဲ့ ပထမဆုံး အစီအစဉ်အနေနဲ့ စစ်ခေါင်းဆောင်သိမ်းယူထားတဲ့ အင်းလျားလမ်း ခြံအမှတ်(၁၄) မြေနဲ့ အဆောက်အဦးကို ရောင်းချခဲ့တာဖြစ်ပြီး သတ်မှတ်ရှယ်ယာပမာဏအပြည့်ရောင်းချနိုင်ခဲ့တဲ့ အတွက် ဒုတိယအစီအစဉ်ကို စတင်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မရားသဖြင့် ရယူထားတဲ့ အင်းလျားလမ်း ခြံအမှတ် (၁၄) ဟာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း(၃၀) တန်ကြေးရှိပေမယ့် NUG က အဲ့ဒီတန်ဖိုးရဲ့ ၃ ပုံ ၁ ပုံတန်ဖိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၁၀) သန်းနဲ့သာ ရောင်းချထားခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.