ပေကျင်း – ဩဂုတ်(၂၃) 

အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်မူဝါဒနဲ့ အိမ်ခြံမြေစျေးကွက်ကျဆင်းမှုတို့ကြောင့် စီးပွားရေးမြှင့် တင်ဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်ဗဟိုဘဏ်က ချေးငွေနှုန်းထားတွေကို လျှော့ချပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လမှာ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီးနောက် စီးပွားရေးဟာ တိုးတက်မှု ရှိလာပေမယ့် ပုံမှန်ထက် အားနည်းနေသေးတာပါ။ 

ကော်ပိုရိတ်ချေးငွေတွေအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်တဲ့တစ်နှစ်ချေးငွေ အဓိကနှုန်းထားကို (၃.၇%) မှ (၃.၆၅%) ကို လျှော့ချလိုက်တယ်လို့ တရုတ်ပြည်သူ့ဘဏ် (PBOC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပေါင်နှံမှုတွေမှာ အသုံးပြုတဲ့ ငါးနှစ်ချေးငွေအတိုးနှုန်း(LPR) ကို (၄.၄၅%) ကနေ (၄.၃%) အထိ  ဖြတ်တောက်ခဲ့တယ်လို့ ဆိုထားပါသေးတယ်။ 

PBOC ဟာ ပြီးခဲ့တဲ့ အပတ်က အဓိက အတိုးနှုန်းကို လျှော့ချခဲ့ပြီး သူတို့ရဲ့(၇) ရက်ကြာ ပြန်လည်အဝယ်နှုန်းဖြစ်တဲ့ ဘဏ်တွေအတွက် ရေတိုဝင်ငွေတိုးတက်မှုကို ပံ့ပိုးပေးတဲ့ အဓိက နှုန်းထားဟာ အနိမ့်ဆုံးနှုန်းအသစ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

“ငါးနှစ်အတိုးနှုန်းကို ပိုကြီးတဲ့ လျှော့ချမှုဟာ PBOC က အိမ်ယာဈေးကွက်မှာ ပြဿနာတွေကို အထူးအလေးထားကြောင်း ပြသနေပါတယ်၊ သို့သော်လည်း၊ လက်ရှိပေါင်နှံထားသော အိမ်ဝယ်သူများအနေဖြင့် ပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိစေရန် လာမည့်နှစ်အစအထိ စောင့်ရမည်ဖြစ်ပါတယ်” လို့ Capital Economics ကပြောဆိုခဲ့ပါတယ်။ 

LPR နှုန်းထားတွေကို လျှော့ချဖို့ မျှော်လင့်ထားပေမယ့် တရုတ်ရဲ့ GDP လေးပုံတစ်ပုံအထိ ခန့်မှန်းထားတဲ့ အိမ်ခြံမြေကဏ္ဍကို ပံ့ပိုးဖို့ မလုံလောက်နိုင်ဘူးလို့ လေ့လာသူတွေက ဆိုထား ပါတယ်။ 

အိမ်ခြံမြေကုမ္ပဏီတွေဟာ အကြွေးတွေကို စီမံခန့်ခွဲဖို့ ရုန်းကန်နေရတဲ့အတွက် ဒီက္ဍရဲ့ ပြဿနာ တွေဟာ ကျန်စီးပွားရေးတစ်ခုလုံးကို ပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။ 

“အိမ်ပေါင်နှံမှုအများစုသည် (ငါးနှစ်) ချေးငွေအတိုးနှုန်းနှင့် ဆက်စပ်နေတဲ့အတွက်ကြောင့် ဤအတိုးနှုန်းဖြတ်တောက်မှုသည် ငွေချေးသူများ၏ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် သိသာထင်ရှားသည်” လို့ ING Greater China ရဲ့ စီးပွားရေးပညာရှင်ကြီး အိုင်းရစ်ပန်မ်က မှတ်ချက်တစ်ခုတွင် ပြောဆိုထားပါတယ်။ 

ဒါ့အပြင် မပြီးပြတ်သေးတဲ့ ပရောဂျက်တွေ ဆောက်လုပ်ရာမှာ စျေးကွက်တိုးတက်မှုကို မြင်တဲ့အခါ အိမ်ဝယ်တဲ့ စိတ်ဆန္ဒတွေ တိုးမြင့်လာတာကို တွေ့ရပြီး အိမ်စျေးတွေ တည်ငြိမ် သင့်တယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဒုတိယသုံးလပတ်မှာ တစ်နှစ်ထက်တစ်နှစ် ၀.၄% သာရှိခဲ့ပြီး ကိုဗစ်ကပ်ဘေးစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ သူတို့ရဲ့ အနိမ့်ဆုံးနှုန်းထား ဖြစ်တယ်လို့ သိရပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.