မြဝတီ – ဩဂုတ်(၂၁)

ကရင်ပြည်နယ် မြဝတီ-ဝေါ်လေ ဒေသ မှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က တပ်သား(၂) ဦး လက်နက်(၃) လက်နဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ် မှာ CDM ဝင်ရောက်လာတယ် လို့ ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့တွေဟာ စအရ(၉၀၄) အင်ဂျင်နီယာတပ်က တပ်သားအောင်အောင်နဲ့ ခလရ(၂၇၅) ခြေလျင်တပ် ကတပ်သား အာကာမင်းတို့ဖြစ်ပြီး ဇူလိုင်လအတွင်းက KNDO ကို ဆက်သွယ်ပူးပေါင််းဝင်ရောက် လာခဲ့တာပါ။

“စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွား အတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ် ဆိုကတည်းက စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး” လို့ CDM ဝင်လာတဲ့ တပ်သား (၂) ဦးက ပြောဆိုထားပါတယ်။

ဒါ့အပြင် သူတို့ဟာ CDM လုပ်ဖို့ ကြိုးစားနေပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူပန်နေရတာ၊ အခွင့် အရေးမရခဲ့တာနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာ မသိတာကြောင့် CDM လုပ်ဖို့ နှောင့်နှေး နေတာဖြစ်တယ်လို့ ပြောပါသေးတယ်။

ကရင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့တန်းနေရာတွေက နေတ ဆင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ဖို့ ဆက်သွယ်တာတွေ ပိုမိုများပြား လာ တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းမှာ ပြိုကွဲမှုတွေရှိနေပြီး CDM ပြုလုပ်သွားတဲ့ စစ်သားတွေ များ လာတဲ့အတွက် CDM လုပ်သူတွေကို ပစ်သတ်တယ်ဆိုပြီး မဟုတ်တဲ့ သတင်းတွေ ထုတ်လွှင့်နေ တယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အောက်ခြေရဲဘော်တွေရဲ့ မကျေနပ်မှုတွေ များလာ သလို မိသားစုနဲ့ တွေ့ခွင့်မရပဲ စစ်ဆင်ရေးတွေ အမြဲလုပ်ဆောင်နေရတဲ့အတွက် မကျေနပ်မှုတွေ များ လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် ကို ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးနဲ့အတူ အမ်အေ-၁(၂) လက်၊ အမ်အေ-၃(၁) လက်နဲ့ ခဲယမ်းကျည်အမြောက်အများ ပါရှိလာပြီး တော်လှန်ရေးပြီးမြောက်အောင် ပြည်သူတွေဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပြည်သူ့ပန်းတိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.