ယင်းမာပင်- ဩဂုတ်(၁၉)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအနီးမှာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း(၇၈) လုံးကို တော်လှန်ရေးရဲဘော်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနင်းမိုင်း(၇၈) လုံးဟာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲဖြစ်တဲ့ Myanmar ချီဂွေဗားရားအဖွဲ့က ရဲဘော်တွေက သိမ်းဆည်းရမိခဲ့တာပါ။ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေကို ရှင်းလင်းချိန်မှာ ထိခိုက်တဲ့သူမရှိပဲ အခုလို ပြည်သူတွေ သွားလာနိုင်တဲ့ နေရာတွေမှာ မိုင်းတွေထောင်ထားတာဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

တရုတ်နိုင်ငံအစိုးရက သူတို့ရဲ့ စီမံကိန်းတွေ ထိခိုက်မှု မရှိစေဖို့အတွက် အာဏာသိမ်းစစ်ကောင်စီ ကိုဖိအားပေးထားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက အခုလိုလုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါသေးတယ်။

မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်မှာ သိမ်းဆည်းရမိ ထားတဲ့ နင်းမိုင်းတွေကို ပြန်လည်အသုံးချသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.