August 19, 2022

စစ်ကောင်စီရဲ့ ဝန်ကြီးနေရာတွေကို အပြောင်းအလဲလုပ် လဝကဝန်ကြီး၊အစိုးရအဖွဲ့ရုံး ဝန်ကြီး ၊ဗဟိုဘဏ် ဥက္ကဌတွေရာထူးက ထုတ်ခံလိုက်ရ

နေပြည်တော် – ဩဂုတ်(၁၉) အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်စီးပွားရေးကျဆင်းလာပြီး တပ်တွင်းပြိုကွဲမှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဝန်ကြီးနေရာအတွေကို အပြောင်းအလဲလုပ်ပြီး ဗဟိုဘဏ်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးနဲ့ လဝကဝန်ကြီးတွေကို ရာထူးကထုတ်ပယ်လိုက်ပါတယ်။ စစ်ကောင်စီ စာရင်းစစ်ချုပ်ဒေါက်တာကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်င့ခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို တော့ လဝက ဝန်ကြီးအဖြစ် ပြောင်းလဲလိုက်ကာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမား ဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်လိုက်တာ…

ရေဖြူမှာ ရဲနဲ့ပျူစောထီးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရေဖြူ ၊ သြဂုတ် (၁၉) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ -ကံပေါက်ကားလမ်း မိုင် ၄၀ အနီးမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ပျူစောထီးအဖွဲ့တွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ရေဖြူမြို့နယ်ကို အစည်းအဝေးလာတဲ့ ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့…

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

မုန်းမြို့ ၊ သြဂုတ် (၁၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာတဲ့ စစ်ရှောင်ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်(၁၇)ရက်နေ့က မုန်းမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီ ခမရ(၆၀၃)တပ်ဟာ ဒေသခံအရပ်သား အမျိုးသား ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီးနောက် သေနတ်နဲ့…

မလေးရှားသည် ဆေးခြောက်ကို တရားဝင်ဖြစ်စေရေး ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံထံမှ သင်ယူမည်

ကွာလာလမ်ပူ ၊ သြဂုတ် (၁၉) ဆေးခြောက်ကို လက်ဝယ်တွေ့ရှိရင် မူးယစ်ဆေးဝါးပြစ်မှုအဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည့် မလေးရှားနိုင်ငံဟာ တရားဝင်သုံးစွဲခွင့်ရစေရေး ကြိုးပမ်းရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဆေးခြောက်မူဝါဒမှ သင်ယူရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၇ ရက်) နေ့မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးသည် လာမည့်သီတင်းပတ်တွင် Apec ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးမှာ…

တရုတ်နိုင်ငံချုံကင်းပြည်နယ်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် စက်ရုံတွေ ရပ်ဆိုင်း ထားရ

ချုံကင်း – ဩဂုတ်(၁၉) လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာပြီးနောက် စွမ်းအင်ချွေတာရေးအတွက် ဂျပန်စက်ရုံ တွေ အပါအဝင် တခြားစက်ရုံတွေဩဂုတ်လ (၂၄) ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ ပြည်နယ် စည်ပင်သာယာရေးအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။ စီချွမ်ပြည်နယ်မှာ အလားတူပြဿနာတွေပေါ်ထွက်လာပြီးနောက်ပိုင်း ချုံကင်းက လီရန်ကျန် ဧရိယာမှာ ဓာတ်အားသုံးစွဲမှုကို ထိန်းချုပ်နေရပြီး တခြားအပူရှိန်လွန်ကဲမှုကြောင့် ပန်ကာနဲ့ လေအေးပေးစက်တွေ အသုံးပြုမှုတွေ များပြားလာခဲ့တာပါ။ ချုံကင်းမှာ မော်တော်ကားနဲ့…

အမေရိကန်ဦးဆောင်တဲ့ ချစ်ပ်ထုတ်လုပ်တဲ့ အဖွဲ့ရဲ့ ပဏာမအစည်းအဝေးကို တောင်ကိုရီးယား နိုင်ငံတက်ရောက်မယ်

ဆိုးလ် – ဩဂုတ်(၁၉) ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့အပါအဝင် အမေရိကန်ဦးဆောင်တဲ့ အဓိက မိုက်ခရိုချစ်ပ်ထုတ်လုပ်တဲ့ အဖွဲ့တစ်ခုအတွက် အကြိုအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံက တက်ရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ(၁၈) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ Chip 4 လို့ခေါ်တဲ့အဖွဲ့အတွက် ပဏာမအစည်းအဝေးမှာ ဆိုးလ်အနေနဲ့ ပါဝင်တာဟာ အမေရိကန် နဲ့တရုတ်ကြား ပြိုင်ပွဲကို semiconductor နဲ့ micro processing နည်းပညာနဲ့…