နယူးဒေလီ ၊ သြဂုတ် (၁၈)

အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို တိုက်ခန်းတွေချထားပေးပြီး ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်တွေ ပေးသွားမယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး မွတ်ဆလင် လူနည်းစုဝင်တွေအပေါ် ရပ်တည်ချက် အပြောင်းအလဲကို အချက်ပြလိုက်ပါတယ်။ 

“အိန္ဒိယက ခိုလှုံခွင့်တောင်းသူတွေကို အမြဲကြိုဆိုပါတယ်” ဟု အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီး က နယူးဒေလီရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ပြဋ္ဌာန်းချက်အသစ်များကို အကြမ်းဖျင်းဖော်ပြကာ တွစ်တာစာမျက်နှာတွင် ရေးသားထုတ်ဖော်ခဲ့ပါတယ်။ 

“အိန္ဒိယသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် (1951) ကို လေးစားလိုက်နာပြီး ၎င်းတို့ရဲ့ လူမျိုး၊ ဘာသာရေး  ကိုးကွယ်ယုံကြည်မှုကို မခွဲခြားဘဲ အားလုံးကို ခိုလှုံခွင့်ပေးသည်” လို့ ဝန်ကြီးက ပြောကြားခဲ့တာပါ။ 

အိန္ဒိယသည် ဒုက္ခသည်တွေရဲ့အခွင့်အရေးများနှင့် ၎င်းတို့အား ကာကွယ်ရန် နိုင်ငံတွေရဲ့ တာဝန်များကို ကန့်သတ်ထားသည့် ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်ပါဘူးလို့ ပြောခဲ့ပါသေးတယ်။ 

ဝန်ကြီးပူရီသည် ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ပေးမည့်အချိန်အရေအတွက်ကို အတိအကျ မပြောခဲ့ပေမယ့် အိန္ဒိယမှာ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ရှိခဲ့ဖူးပါတယ်။ 

ဝန်ကြီးချုပ်နာရန်ဒါမိုဒီရဲ့ အစိုးရဟာ  ယခင်က ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှ လူနည်းစုများကို ပြန်လည် စေလွှတ်ရန် ကြိုးပမ်းခဲ့ပါတယ်။

 ထောင်နှင့်ချီသော ဒုက္ခသည်တွေက ဖိနှိပ်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်များအတွင်း ၎င်းတို့ရဲ့ မွေးရပ်မြေသို့ ထွက်ပြေးခဲ့ကြရပါတယ်။ 

ယခုနှစ်အစောပိုင်းမှာ ရိုဟင်ဂျာ (၁၁၀၀) ခန့်က ဒေလီမှာ နေထိုင်ကြပြီး အိန္ဒိယရှိ အခြားသော ရိုဟင်ဂျာ (၁၇,၀၀၀)မှာ အများစုက လက်လုပ်လက်စား အလုပ်သမားများ၊ လက်ဆွဲသမားများနှင့် ဆိုက်ကားဆွဲသူများအဖြစ် လုပ်ကိုင်နေကြတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ အာလီဂျိုဟာက ဆိုပါတယ်။ 

ယခုနှစ်အတွင်း လူပေါင်း (၂၀၀၀) ခန့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်သွားခဲ့ပြီး အများအပြားမှာ ပြည်နှင်ဒဏ်ခံရမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သူကဆက်ပြောပါတယ်။ 

“ကုလသမဂ္ဂ ဒုက္ခသည်ညီလာခံကို လေးစားလိုက်နာတဲ့ ကြေညာချက်နဲ့ ရိုဟင်ဂျာတွေကို ပိုမိုကောင်းမွန်တဲ့ အိမ်ရာနဲ့ အဆောက်အဦးတွေနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ကြိုဆိုပါတယ်” လို့ လွန်ခဲ့သည့်ဆယ်စုနှစ်များက အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာပြီး ဒေလီမှာ မိသားစုနှင့်အတူ ငှားရမ်းနေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ဂျိုဟာက ပြောခဲ့ပါတယ်။ 

ဒါပေမယ့် အိန္ဒိယအစွန်းရောက်ဟိန္ဒူအုပ်စုအချို့ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်နေရသည့် အသိုင်းအဝန်းကြားမှာ ကြောက်ရွံ့မှုများကို ဂျိုဟာက အလေးပေးပြောကြားခဲ့ပါတယ်။

အဆိုပါ အဆောက်အအုံအသစ်တွေဟာ ရိုဟင်ဂျာတွေကို သီးခြားခွဲထုတ်ဖို့အတွက် အသုံးပြုနိုင်ကြောင်း ၄င်းက ဆိုပါတယ်။

“အကျဉ်းစခန်းတစ်ခုဖြစ်လာရင် ဒါဟာ ကျွန်တော်တို့အတွက် အိပ်မက်ဆိုးတစ်ခုပဲ” ဟု သူကစိုးရိမ်ကြီးစွာ ပြောဆိုခဲ့ပါတယ်။

Ref: Bangkok Post 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.