မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များကို စစ်ကောင်စီက ဖိတ်ခေါ်”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို သြဂုတ်လ၁၄ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူတွေဖြစ်တဲ့ တပ်ကြပ်ကြီးဖိုးစည် တယ်လီဂရမ်နဲ့ MWD ရုပ်သံတွေက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေမှုမှာတော့ “ CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြိုနယ်များရှိ မြိုနယ်ကြက်ခြေနီအသင်း၊ မြိုနယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ၊ မြိုနယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲအသီးသီးသိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်” ဆိုပြီး. ရေးသားဖြန့်ဝေခဲ့တာပါ။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်ကောင်စီအကောင့်တု တပ်ကြပ်ကြီးဖိုးစည် တယ်လီဂရမ် ချန်နယ်လင့်ကို အောက်ပါမှာ ဖော်ပြထားပေးပါတယ်။

https://t.me/sgtphoesi/10970

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

CDM ,PDFတွေကို ဖိတ်ခေါ်ကြိုဆိုတယ်လို့ စစ်ကောင်ဘက်တော်သားတွေက ဝါဒဖြန့်သတင်းလွှင့်နေခြင်းသာဖြစ်ပြီး တကယ့်လက်တွေ့မှာ CDM တွေကို ဖမ်းဆီးထောင်ချ နှိပ်စက်ပြီး သတ်ဖြတ်နေဆဲ ဖြစ်တာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေထံက တွေ့ရှိရပါတယ်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းအချို့ကို ပြီးခဲ့တဲ့ဇူလိုင်လ (၃၀) ရက်မှာ ဖမ်းဆီးခဲ့ပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ Mandalay Free Press – MFP သတင်းဌာနက ဒေသခံများကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

စက်ရုံ ဝန်ထမ်းအိမ်ယာထဲမှာ CDM ဝန်ထမ်း (၇၅)ဦး ရှိတဲ့အနက် ဇူလိုင်လ(၃၀)ရက်က စက်ရုံကို စီးနင်းရှာဖွေရာမှာ CDM ပြုလုပ်ထားတဲ့ အမျိုးသား (၁၃)ဦးနဲ့ အမျိုးသမီး (၁၁)ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီးလိုက်တာလို့ သတင်းမှာ ရေးသားဖော်ထုတ်ထားပါတယ်။

ဒါ့အပြင် ရေးမြို့က CDM သားဖွားဆရာမတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ် ၁၁ ရက် ည ၇ နာရီခွဲလောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကို မေးမြန်းကာ DVBသတင်းဌာနက ဖော်ထုတ်ရေးသားထားပါတယ်။

စစ်ကိုင်းမြို့နယ် လျှပ်စစ်ရုံးမှ CDM ပြုလုပ်ထားသူ အမျိုးသမီးတဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၉ ရက်နေ့က လာရောက်ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Mandalay Free Press – MFPသတင်းဌာနရဲ့ ဖော်ပြမှုလင့်

https://www.facebook.com/101398252213669/posts/208453811508112/

DVBသတင်းဌာနရဲ့ ဖော်ပြမှု

https://www.facebook.com/191574990881009/posts/5771776679527451/

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးလင့်

https://www.facebook.com/101701458970440/posts/185690990571486/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ” CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များကို စစ်ကောင်စီက ဖိတ်ခေါ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.