မော်လမြိုင် – ဩဂုတ်(၁၈)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရ,ယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ်ငွေကျပ်(၂၃၁.၄၉) သိန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထောက်ပံ့ကူညီမှုတွေမှာ နေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ စစ်ဘေးရှောင်တွေ အတွက် (၁၃၀.၂၅)သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် (၂၁.၉၀) သန်း၊ CDM ဝန်ထမ်းတွေအတွက် (၁၅.၁၆) သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အတွက် (၄၀.၂၁)၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် (၁၀) သန်းနဲ့ အထွေထွေလူသားချင်းစာနာမှုအကူအညီတွေအတွက်(၁၃.၉၇) သန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးခိုလှုံနေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာပါဝင်ရင်းထိခိုက်သူတွေနဲ့ အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစု ဝင်တွေ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းတွေအပါအဝင် ကူညီပံ့ပို့းပေးဖို့လိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ပြီး မြေပြင်ထ် ကြိုးစားပံ့ပိုးနေတယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင်လ အတွင်း ထောက်ပံ့မှုအများဆုံးလုပ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း(၃) ခုမှာ (၁) စစ်ကိုင်း၊ (၂) ကရင်၊ (၃) ပဲခူး တိုင်းတို့ဖြစ်ပြီး ထောက်ပံ့ခဲ့တဲ့ ယာယီစခန်းတွေမှာ စစ်ရှောင်ဦးရေး(၁၄၄၄၂၄) ဦး ရှိတယ် လို့ဆိုထားပါတယ်။

စစ်တပ်ရဲ့ အတားအဆီးတွေအမျိုးမျိုးကြားကနေ ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေ လက်ထဲအရောက် ဒေသခံအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ၊ စေတနာ့ဝန်ထမ်း ပြည်သူတွေနဲ့ ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ် လို့ NUG အစိုးရ ကဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.