ရန်ကုန် – ဩဂုတ်(၁၈)

အာဏာသိမ်းစစ်ကောင်စီရဲ့ အသွင်ပြောင်းဝန်ထမ်းတွေကအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာစော်ကာတာတွေလုပ်ဆောင်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါ တယ်။

ထောင်ဝန်ထမ်း တွေနဲ့ စစ်တပ်အသွင်းပြောင်း ဝန်ထမ်းတွေဟာ စစ်ခေါင်းဆောင်က တရားဝင် လိုင်စင်ထုတ်ပေးထားသလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေတာပါ။ “ဒီကောင်တွေပစ်မှတ်ထားတာက နိုင်ငံရေးအကျဉ်းသားတွေ ကို ပစ်မှတ်ထားထားတယ်။

အဲ့ဒီထဲမှာ အမျိုးသမီး၊အမျိုးသားနဲ့ LGBT(လိင်စိတ်ကွဲပြားသူ) တွေကို ကာအိန္ဒြရေ ပျက်ပြား အောင်နဲ့ လိင်အကြမ်းဖက်ဖို့ ကိစ္စအထိ စစ်ကြောရေးမှာရော၊ထောင်တွေထဲမှာရော လိုင်စင် ထုတ်ပေးထားတဲ့ပုံစံဖြစ်နေတယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေတင်မဟုတ်ပဲ နိုင်ငံရေးအကျဉ်းသားတွေဘက်ကလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုလည်း တရားရုံးထုတ်ချိန်တွေမှာ စော်ကားမိုက်ရိုင်းတဲ့ အပြုအမှုတွေလုပ်ဆောင်နေတာရှိတယ်လို့ သူကပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ် တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်တာတွေ ရှိခဲ့သလို အကျဉ်းထောင်တွေထဲမှာလဲ နှိပ်စက်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီမှာက ယောက်ျားသက်သက်မိန်းမသက်သက်ထားတာ မိန်းကလေးအဆောင်ထဲကို ယောက်ျား လေးဝင်ရင် မိန်းကလေးဝန်ထမ်းတွေ အများကြီးတော့ အနောက်က လိုက်သွားတာရှိတယ်။ လူကြီးတွေ သွားရင်တော့ လိုက်ရတာမရှိဘူး။ တခြား အမျိုးသားဝန်ထမ်းတွေတော့ ဝင်လို့မရ ဘူး။

တချို့ကတော့ အကျ သမားတွေရောထားတာရှိတယ်။ မိန်းမလျာနဲ့ အမျိုးသမီးတွေကို”လို့ အင်စိန်အကျဉ်းထောင်က အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြော ပါတယ်။

မန္တလေး တိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ လိင်အကြမ်းဖက်ခံ ထားရတယ်လို့ သံဃသမဂ္ဂဦးဇင်းတစ်ပါးက သံလွင်တိုင်းမ် ကိုမိန့်ကြားပါတယ်။

“ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေလူ့အခွင့်အရေးတွေဆုံးရှုံးခံခဲ့ရတယ်။စစ်ကြောရေး စခန်းကို ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ ဘုန်းကြီးကို ဘုန်းကြီးမှန်းမသိဘူး ရိုက်တယ် နောက်ဆုံးကုန်ကုန် ပြောမယ်ကွာ မဒိန်းကျင့်ဖို့အထိတောင်သူတို့ ကြံခဲ့လို့ ရှိခိုးတောင်းပန်ခဲ့ရတဲ့ အခြေအနေတွေ ရှိတယ်” လို့ မန္တလေး သံဃသံမဂ္ဂအဖွဲ့ ဝင်ဦးဇင်းတစ်ပါးက သံလွင်တိုင်းမ် ကိုမိန့်ကြားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၂၁၅)ဦးအထိရှိလာပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၁၅၁၄၇)ဦးရှိကာ အဲ့ဒီထဲက (၃၀၇၅) ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.