ကျိုက်ထို ၊ သြဂုတ် (၁၈)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီက တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်ထိုးဖို့ ပြင်ဆင်နေတယ်လို့ သထုံခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်ထဲက သိမ်ဇရပ်၊ သစ်ဆိပ့်ပင်၊ လက်ပံပင်၊အင်္ဂဘို၊ မဲရုံးလေး၊ မုပ္ပလင်နဲ့ မရမ်းချောင်းကျေးရွာတွေမှာ အရင်ရှိပြီးသာ တပ်အင်အား ၁၀၀ အပြင် နောက်ထပ် တပ်အင်အား ၁၀၀ကျော် ထပ်မံ ဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့စခန်းချထားတဲ့ နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လာရောက် ပစ်ခတ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတဲ့အတွက် စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်တိုးပြီး စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် နှစ်တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စစ်ကောင်စီတပ်က ဇီးပြောင်းနဲ့ ဝင်းကံကျေးရွာ ထဲကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူ ၄၀၀၀ နီးပါး ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.