နေပြည်တော် – ဩဂုတ်(၁၈) 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြီးထွားလာနေချိန် ရှားရှားပါး ပါး ခရီးစဉ်တစ်ခုအဖြစ် ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာ ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲ့တွေက သွေးထက်သံယိုဖြိုခွဲမှုတွေစတင်ပြီးနောက် မြန်မာနိုင်ငံဟာ ကမောက်ကမတွေ ဖြစ်ခဲ့ရတာပါ။ 

ဒေါက်တာနိုလင်ဟေဇာ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ကတာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီ ရုပ်မြင်သံ ကြားက အင်္ဂါနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊အကြီးတန်း ဝန်ကြီးတွေနဲ့ လည်းတွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

“ဆိုးရွားနေသောအခြေအနေများနှင့်စိုးရိမ်ပူပန်မှုများကိုကို ကိုဖြေရှင်းရန်အာရုံစိုက်လိမ့်မည်” လို့

ကုလသမဂ္ဂက ဒီသီတင်းပတ်အစောပိုင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပြီး သူမရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန် ပြောဆိုတာတော့ မရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ လက ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ရှုတ်ချပြစ်တင်မှုတွေထွက်ပေါ်လာပြီး အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့အတွက် ကွပ်မျက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။ 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲ ပြန်လာခွင့်ကို အပြီးအပိုင် ပိတ်ပင်ဖို့ ရည်ရွယ်တဲ့ မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတရားရုံးတွေက သူမကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမကို စွပ်စွဲထားတဲ့အမှုတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုထားပြီး စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။ 

ဒေါက်တာနိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်ဆိုထားတာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ(၁၆)ရက်နေ့ကပြောဆိုထားပါတယ်။

Ref: The Straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.