ဆိုလ်း ၊ သြဂုတ် (၁၇) 

မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ပူးတွဲတည်ထောင်သူနဲ့ ပရဟိတသမားတစ်ဦးလည်း ဖြစ်တဲ့ ဘီလ်ဂိတ်ပ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍအတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်နဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ၎င်းရဲ့ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ တောင်ကိုရီးယားကို အင်္ဂါနေ့မှာ တောင်းဆိုခဲ့ပါတယ်။

“ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အကျပ်အတည်းကာလပါပဲ။ အခုအချိန်ဟာ ကိုရီးယားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေဖို့ ကျွန်တော်တို့ရဲ့ ဖောင်ဒေးရှင်းအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်အသစ်တွေနဲ့ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ ကိရိယာအသစ်တွေနဲ့ အရင်းအမြစ်တွေ ပံ့ပိုးပေးနိုင်ဖို့ အကောင်းဆုံးအချိန်ပါပဲ” ဟု ဘေလ်ဂိတ် က ကိုရီးယား အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဘေဂိတတ်က အစိုးရနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ တနင်္လာနေ့နှောင်းပိုင်းမှာ တောင်ကိုရီးယားသို့ ရောက်ရှိလာပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံရေး၊ ကျန်းမာရေး တန်းတူညီမျှမှု မြှင့်တင်ရေးနှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။

“ကိုရီးယားက ဒီလုပ်ငန်းမှာ ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ဘီလ်ဂိတ်စ်က ပြောဆိုထားပြီး ကာကွယ်ဆေးခွဲဝေမှုအစီအစဉ် COVAX အတွက် ဒေါ်လာသန်း ၂၀၀ ကတိပြုခြင်းကဲ့သို့သော ဘက်စုံကမ္ဘာ့ကျန်းမာရေး အစပြုမှုများကို ရရှိခဲ့ပါတယ်။

ဘေဂိတ်ဟာ တောင်င်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေး၊ ရောဂါရှာဖွေထုတ်လုပ်ရေး၊ R&D စွမ်းရည်များနှင့် ရောဂါရှာဖွေရေးစွမ်းရည်များကို အားသာချက်အဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။

မိန့်ခွန်းမပြောကြားမီမှာ တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Kim Jin-pyo အပြင် အခြားဥပဒေပြုအမတ်များနဲ့ တွေ့ဆုံခဲ့ပြီး ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကို မည်ကဲ့သို့ချဲ့ထွင်ရန်နှင့် တောင်ကိုရီးယားအတွက် ပိုမိုကြီးမားသည့်အခန်းကဏ္ဍအတွက် ရှုမြင်ချက် အသေးစိတ်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း၊ ဆင်းရဲသောနိုင်ငံများရှိ ကျန်းမာရေးအခြေအနေများတိုးတက်ကောင်းမွန်စေရန်နှင့် ကပ်ရောဂါများကိုကာကွယ်ပေးသည့်အဖွဲ့တွေမှာ ရန်ပုံငွေတိုးမြှင့်ပေးရန် Gates က တောင်းဆိုခဲ့ပြီး တောင်ကိုရီးယားက ၎င်းရဲ့ နိုင်ငံတကာအကူအညီကို GDP ၏ 1.3% အထိ တိုးမြှင့်ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။

တောင်ကိုးရီးယားလွှတ်တော်အမတ်တွေက  အကူအညီများတိုးမြှင့်ပေးခြင်းအတွက် သဘောတူညီမှုရရှိခဲ့ပြီး လာမည့်နှစ်မှစတင်ကာ CEPI (Coalition for Epidemic Preparedness Innovations_ကပ်ရောဂါအတွက် ဆန်းသစ်တီထွင်သော ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့) ရန်ပုံငွေအတွက် ၎င်းရဲ့ပါ၀င်ဆောင်ရွက်မှုကို တိုးချဲ့ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါများကို တုံ့ပြန်ရာမှာ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အဲ့ဒီ CEPI အဖွဲ့အစည်းဟာ အနာဂတ်မှာ  ကပ်ရောဂါတွေကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးများ တီထွင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ ပရဟိတနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သည့် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

Ref:Reuters 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.