Indian Prime Minister Narendra Modi meets with folk artists after addressing the nation during Independence Day celebrations at the historic Red Fort in Delhi, India, August 15, 2022. REUTERS/Adnan Abidi

နယူးဒေလီ ၊ သြဂုတ် (၁၆)

အိန္ဒိယနိုင်ငံဟာ လာမ ယ့် ၂၅ နှစ်အတွင်း ကာကွယ်ရေး၊ ပါဝါ နှင့် ဒစ်ဂျစ်တယ်နည်းပညာတွေမှာ ပြည်တွင်းထုတ်လုပ်မှုကို ပံ့ပိုးပေးမယ့် မူဝါဒဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာရန် ရည်မှန်းထားကြောင်း ၀န်ကြီးချုပ် နရန်ဒရာမိုဒီက သြဂုတ် (၁၅) ရက်နေ့ အမျိုးသားနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

အိန္ဒိယဟာ ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့တဲ့ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဒေလီရှိ ခံတပ်နီမှ မိန့်ခွန်းပြောကြားရာမှာ မစ္စတာမိုဒီက လူငယ်များအား  ရည်မှန်းချက် ကြီးကြီးမားမားထား ရန်နှင့် တိုင်းပြည်အတွက် အကောင်းဆုံးခုနှစ်များကို ဖော်ဆောင်ကြရန် တိုက်တွန်းခဲ့ပါတယ်။ 

“ကျွန်တော်တို့ တစ်သက်တာမှာ လာမယ့် (၂၅) နှစ်အတွင်း အိန္ဒိယကို ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် ပြောင်းလဲရမယ်၊ ဒါဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်သင့်တယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ ဆဋ္ဌမ စီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယရဲ့ စီးပွားရေးဟာ  ၂၀၅၀ ခုနှစ်မှာ အမေရိကန်နှင့် တရုတ်ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

 ဒါပေမယ့် အခုအချိန်မှာ တစ်ဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၂၀၀၀ ဝန်းကျင်ဟာ တိုးတက်ပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက နိမ့်နေသေးတယ်လို့ ဆိုပါတယ်။ 

လူဦးရေ ၁.၄ ဘီလီယံခန့်ရှိတဲ့ အိန္ဒိယဟာ လာမည့်နှစ်အတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားဖွယ်ရှိနေပါတယ်။ 

အမေရိကန်လို နိုင်ငံတွေက အိန္ဒိယကို အာရှနဲ့ ပြင်ပမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို စိန်ခေါ်မယ့် အနာဂတ်နိုင်ငံအဖြစ် ရှူမြင်နေကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့အတွက် ဂုဏ်ပြုလိုက်ပြီး လာမည့်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်နှင့် အိန္ဒိယတို့သည် “မရှိမဖြစ်လိုအပ်သော မိတ်ဖက်များ” ဖြစ်ကြကြောင်း ပြောကြားခဲ့ပါတယ်။ 

Ref:The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.