မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” တီးတိန်မြို့နယ်၊ ဟိုင်မွှာရွာသစ်တွင် CDFအလောင်းနဲ့လက်နက်များရရှိ”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ၁၄ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူတွေဖြစ်တဲ့ Kyaw Swar တယ်လီဂရမ်နဲ့Fifty Two New တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေမှုမှာတော့ “ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် မနေ့က နေ့လယ် ၁၂ နာရီခွဲခန့်က တီးတိန်မြို့နယ်၊ ဟိုင်မွှာရွာသစ်တွင် လုံခြုံရေး အဖွဲ့များမှ ဝင်ရောက် ရှင်းလင်းရာ ကျေးရွာအတွင်းမှ CDF ကျား ၁ လောင်း၊ မ ၁ လောင်းနှင့် ပစ္စတို ၁ လက်၊ လေသေနတ် ၁ လက်၊ ပျောက်ကြား ၁ စုံ၊ အီကွေ့မင် ၁ စုံ၊ စကားပြောစက် ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်” ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်ကောင်စီအကောင့်တု Kyaw Swar အကောင့်နဲ့ Fifty Two New တယ်လီဂရမ်ချန်နယ်လင့်တွေကို ဖော်ပြထားပေးပါတယ်။

https://t.me/kyawswarks969/11312https://t.me/thiha11223344/6470အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ကျေးရွာနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်ပြီး ဒေသခံပြည်သူတွေကို လက်နက်များနဲ့ အမှုဆင်ဖမ်းဆီးကာ PDF,CDFများ ဖြစ်တယ်ဆိုပြီး စစ်ကောင်ဘက်တော်သားတွေက ဝါဒဖြန့်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသတွင်သတင်းဌာနတစ်ခုဖြစ်တဲ့ Chin World ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာက ဒေသခံအရပ်သား ပြည်သူတွေ ထိခိုက် ဒဏ်ရာရခဲ့သလို ၂ဦး အဖမ်းခံခဲ့ရကြောင်း သံလွင်တိုင်းမ်က စီစစ်တွေ့ရှိပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရကာ ပြည်သူနှစ်ဦး မတရားဖမ်းဆီးခံရပြီး နေအိမ် (၈) အိမ် မီးရှို့ဖျက်ဆီးခံရကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)ကလည်း သတင်းထုတ်ပြန်ထားပါတယ် ။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Chin World သတင်းဌာနရဲ့ ဖော်ပြမှုhttps://m.facebook.com/story.php?story_fbid=442706911224979&id=100064570214540ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)https://m.facebook.com/story.php?story_fbid=389173870024984&id=100067971220563ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ” တီးတိန်မြို့နယ်၊ ဟိုင်မွှာရွာသစ်တွင် CDFအလောင်းနဲ့လက်နက်များရရှိ” ဆိုတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေ ဝါဒဖြန့်ဝေနေတဲ့ သတင်းအမှားသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.