ရန်ကုန် – ဩဂုတ်(၁၆)

ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေ၊ မြန်မာနဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေး ပျက်ပြားမှုတွေဖြစ်ပေါ်နေချိန်မှာ ကုလစသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦး မြန်မာ နိုင်ငံကို လာရောက်မယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ် ကဖြုတ်ချပြီးနောက်ပြီး မြန်မာနိုင်ငံဟာ အဘက်ဘက်က ယိုယွင်းမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်လင်းဟေဇာဟာ နိုင်ငံရေး ရပ်ဝန်းက ပါဝင်ပတ်သက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဖြစ်ပွား နေတဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

“ဆိုးရွားနေသောအခြေအနေနှင့် စိုးရိမ်မှုများကို ချက်ချင်းဖြေရှင်းရန် အာရုံစိုက်သွားမယ်” လို့ မြန်နာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဟေဇာက ပြောခဲ့ပါတယ်။

သူမရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတာမရှိသလို အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တစုံတရာ မှတ်ချက်ပေးတာမရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုလေးခုနဲ့ စွပ်စွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့က ထောင်ဒဏ် (၆) နှစ် ချမှတ်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လူထုခေါင်းဆောင်ကို အကျင့်ပျက်ခြစားမှု ကနေ ရွေးကောက်ပွဲ ချိုးဖောက်မှုအထိ အနည်းဆုံး(၁၈) မှုနဲ့ ထောင်ဒဏ်နှစ်(၁၉၀) နီးပါးချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ စွပ်စွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမကို စွဲဆိုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ တုန့်ပြန်ပြောဆိုထားပါတယ်။

အနောက်နိုင်ငံတွေနဲ့ တခြားဝေဖန်သူတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်တင်မှုဟာ သူမကို နိုင်ငံရေးလောကကို ပြန်လည်ဝင်ရောက်ဖို့အပြီးတိုင်ပိတ်ပင်စေတာဖြစ်တယ်လို့ ဝေဖန် နေကြပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်အုပ်စုဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကူညီတယ်လို့ စွပ်စွဲခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူလေးဦးကို ကွပ်မျက်လိုက်ပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးရဲ့ရှုတ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

စစ်အုပ်စုရဲ့ အဲ့ဒီလုပ်ရပ်ကို အာဆီယံက ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပျက်ရယ်ပြုခဲ့တာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Ref : Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.