မော်စကို – ဩဂုတ်(၁၆) 

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို  နှစ်နိုင်ငံ ဆက်ဆံရေး ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်သွားမယ်လို့ ပြောဆို ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဩဂုတ်လ (၁၅) ရက်နေ့မှာ ဖော်ပြ ထားပါတယ်။ 

ကိုရီးယားလွတ်မြောက်ရေးနေ့အတွက် ကင်ဂျုံအန် ဆီပို့ခဲ့တဲ့ စာမှာ ပူတင်က နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားအတွက် ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှ ဒေသရဲ့ လုံခြုံရေး၊တည်ငြိမ်ရေး တို့အတွက် ဖော်ဆောင်သွားမယ်လို့ KCNA က ဖော်ပြထားပါ တယ်။

ဂျပန်ကို အောင်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်မှာ ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရေးဟာ အတုအယောင်သာ ဖြစ်ခဲ့တယ်လို့ ကင်က ပူတင်ဆီ စာတစ်စောင် ပြန်လည်ပေးပို့ ချိန်မှာ ထည့်သွင်းရေးသားထားပါတယ်။ 

နှစ်နိုင်ငံကြား မဟာဗျူဟာနဲ့ နည်းဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပံ့ပိုးကူညီဖို့နဲ့ သွေးစည်း ညီညွတ်မှုတို့ကို စစ်ရေးရန်လိုတဲ့ တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရန်စမှုတွေကို လျော့ပါးစေဖို့ အတွက် နှစ်နိုင်ငံဘုံကြိုးပမ်းမှုနဲ့ အဆင့်သစ်တစ်ခုကို ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ ကင်ဂျုံအန် က ရေးသားထားတာပါ။ 

KCNA မီဒီယာက ရန်လိုသော တပ်ဖွဲ့များဆိုတာနဲ့ ပတ်သက်ပြီး သီးခြားဖော်ပြထားမရှိပေမယ့် အဲ့ဒီအသုံးအနှုန်းဟာ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေကို အသုံးပြုလေ့ရှိတဲ့ အသုံးနှုန်း ဖြစ်ပါတယ်။ 

ကင်ဂျုံအန် ဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ၂၀၁၉ ခုနှစ်က ပူတင်နဲ့ တွေ့ဆုံစဉ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို အခြေခံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးလာလိမ့်မယ်လို့ တွက်ဆ ထားပါတယ်။ 

ယူကရိန်းအရှေ့ပိုင်းက ရုရှားကျောထောက်နောက်ခံပြုထားတဲ့ “Pepple’s Republics” ခွဲထွက် နိုင်ငံနှစ်ခုကို လွတ်လပ်သောနိုင်ငံအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လက မြောက်ကိုရီးယား ဟာ အသိ အမှတ်ပြုခဲ့ပြီး တာဝန်ရှိသူတွေက အဲ့ဒီဒေသတွေမှာ မြောက်ကိုရီးယားလုပ်သားတွေကို ဆောက်လုပ်ရေးနဲ့ တခြားအလုပ်သမားတွေ ကူညီဆောင်ရွက်ပေးမယ့် အလားအလာကို မြှင့် တင်ထားပါတယ်။ 

ရုရှားရဲ့ အထူးစစ်ဆင်ရေးအဖြစ်သတ်မှတ်ထားတဲ့ ကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်း ဟာ အဲ့ဒီလုပ်ရပ်တွေကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ကိုဖြတ်တောက်ခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.