ယင်းမာပင် – ဩဂုတ်(၁၅)
ဒီနေ့ ဩဂုတ်လ(၁၅) ရက်နေ့ မနက်ပိုင်းက ရွေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး “အောင်ပွဲဆိုတာ တိုက်ရဲတဲ့ သူတွေအတွက်ဖြစ်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေနဲ့ မန္တလေး မြို့သပိတ်တက်ကြွလှုပ်ရှားတွေပဲ ပူးပေါင်းဝန်းရံပြီး သပိတ်တရားဟော ပြောခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေရှိနေတဲ့ ကြားက ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ