ရန်ကုန် – ဩဂုတ်(၁၄)

ဒီနေ့ ဩဂုတ်လ (၁၄) ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ဦးဆောင်ပြီး လူထုအုံကြွတော်လှန်ကြဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်တွေကိုမဖမ်းနိုင်ရင် သပိတ်လှုပ်ရှားခဲ့တဲ့ အနီးတဝိုက်မှာ ကျန်ခဲ့တဲ့ ပြည်သူတွေ၊လူငယ်တွေကို မတရားဖမ်းဆီး နှိပ်စက် ပြီး ပစ္စည်းတွေလုယက်ခြိမ်းခြောက်ငွေတောင်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဝန်ချတောင်းပန်ခဲ့ကြပါတယ်။

ရန်ကုန်သပိတ်အင်အားစုတွေအနေနဲ့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်မှုနည်းနာတွေကို စဉ်ဆက်မပြတ် ပြည်သူတွေနဲ့ အတူတိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – လူငယ့်ခေတ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.