ကျိုက်ထို ၊ သြဂုတ် (၁၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသုသာန်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ ကား တိုက်ခိုက်ခံရတာကြောင့် ကားတိမ်မှောက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ ရဲတပ်ဖွဲ့ ဝင် ၃ ဦးလုံး သေဆုံးနိုင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေမှာ ဒုရဲအုပ် တစ်ဦး၊ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးဝင်းနဲ့ ရဲတပ်သး တစ်ဦး ပါဝင်တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့လဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်တာတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.