August 15, 2022

နှိပ်စက်ဖိအားပေးခံရ၍ ရှစ်လတာ တပ်သားဖြစ်ခဲ့ရသူ၏ CDM ခရီး

မော်လမြိုင် ၊ သြဂုတ် (၁၅) “ကျွန်တော် မပျော်တဲ့ နေရာကြီးမှာ နေနေရတာ နေ့တိုင်း စိတ်ညစ်ရတယ်။ နေ့တိုင်းလို ငိုနေရတယ်ဗျ။ အဲဒီမှာ နေတုန်းကဆို ကိုယ့်ဟာကိုယ် အဆုံး စီရင်ဖို့တောင် စဉ်းစားမိတယ် ” လို့ အသက် ၂၇ နှစ် အရွယ် စစ်သားတစ်ဦးက သူ CDM ဝင်လာရတဲ့ အကြောင်းအရင်းကို ရှိုက်ကြီးတငင်နဲ့…

စစ်အာဏာရှင်ကျရှုံးရေးပြည်ကြီးတံခွန် သပိတ်မှောက်

မန္တလေး -ဩဂုတ်(၁၅) ဒီနေ့ဩဂုတ်(၁၅)ရက်နေ့ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကျရှုံးရေး ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ

ကျိုက်ထိုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံရ

ကျိုက်ထို ၊ သြဂုတ် (၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသုသာန်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်…

စစ်အုပ်စု၏ သေဒဏ်စီရင်မှုကြောင့် ခုခံတော်လှန်စစ်အရှိန်မြှင့်တင်လာနိုင်မလား

(Myanmar Peace Monitor Weekly Peace Review)ဦးကျော်မင်းယု(ခ)ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ (၄)ဦးအား အာဏာသိမ်းစစ်အုပ်စုက သေဒဏ်စီရင်မှုပြီးစီးကြောင်း သတင်းထုတ်ပြန်မှုအလွန်တွင် ၁၈ လကြာမြင့်လာခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ရင်ဘတ်တွင် ကြေကွဲဝမ်းနည်းမှု၊ စိတ်မကောင်းဖြစ်မှုများ ကိုယ်စီကိုယ်စီဖြစ်တည်စေခဲ့သည်။ အလားတူ တိုင်းရင်းသားပြည်သူတရပ်လုံး၏ အသိစိတ်၊ အထူးသဖြင့် ဦးနှောက်တွင်မူ ငါတို့နိုင်ကိုနိုင်မှဖြစ်မယ်ဆိုသည့် နှိုးဆွမှုသည် နွေဦးတော်လှန်ရေးအတွင်းရှိ အင်အားစုအသီးသီးကို…

ယောဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခု မီးလောင်ခဲ့လို့ ကျပ်သိန်း(၃၀၀) ကျော်တန်ဖို့ ရှိတဲ့ပစ္စည်း တွေဆုံးရှုံးခဲ့ရ

ယော – ဩဂုတ်(၁၅) နှာယမ်းအပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ YPDF က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့ ညပိုင်းက အပူလွန်ကဲကာ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်သွား ခဲ့တာဖြစ်ပြီး ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိခဲ့ပါဘူး။ “ကျွန်တော်တို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)…