ပေကျင်း – ဩဂုတ်(၁၄) 

နိုင်ဝင်ဘာလအတွင်းမှာအရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်သမ္မတ ရှီကျင်ဖျင်သွားရောက်ဖို့ ရှိပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံသွားမယ့် အစည်းအဝေးတစ်ရပ်လည်း ပါဝင်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ Wall Street Journal က အစီရင်ခံ ထားပါတယ်။ 

ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနဲ့ တခြားသော ကိစ္စရပ်တွေကြောင့် တင်မာမှုတွေရှိနေတဲ့ အခြေ အနေ တွေလျောပါးသက်သာစေဖို့ ခေါင်းဆောင်နှစ်ဦး ကြား ကျင်းပမယ့် လူတွေ့အစည်းအဝေး ကို မစ္စတာဘိုင်ဒန်ရဲ့ အလုပ်အဖွဲ့အနေနဲ့ အတည်ပြုထားတာတော့ မရှိသေးပါဘူး။ 

အဲ့ဒီကိစ္စနဲ့ နီးစပ်သူ တစ်ဦးက ဘိုင်ဒန်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ G-20 ရဲ့ နိုင်ဝင်ဘာလအစည်း အဝေးတွေအပြင် မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေအတွက်လည်း လမ်းဖွင့်ထားပြီး အိမ်ဖြူတော် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

“ကျွန်ုပ်တို့နဲ့တော့အချိန်နှင့် နေရာကဲ့သို့ အချက်အလက် အသေးစိတ်တစုံတရာတော့ ရှိမထားသေးပါဘူး” လို့ အမေရိကန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

ဂျူလိုင်လနှောင်းပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ ခေါင်းဆောင်နှစ်ဦး ကြား လူတွေ့ဆုံ နိုင်ဖို့ဖြစ်နိုင်ချေကိုလည်း အတည်ပြုထားနိုင်ပြီးဖြစ်တယ်လို့ ဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ အင်ဒို ပစိဖိတ်ရေးရာ ချိတ်ဆက်ဆောင်ရွက်သူ မစ္စတာ ကမ့်ဘဲလ်က ပြောဆို ထားပါတယ်။ 

မစ္စတာ ကမ်ဘဲလ် ကကြေငြာထုတ်ပြန်ဖို့ အသေးစိတ်အချက်အလက်များ မရှိထားသော်လည်း ခေါင်းဆောင်နှစ်ဦးစလုံးဟာ နိုဝင်ဘာလအတွင်း ဘာလီမှာ ကျင်းပမယ့် G-20 အစည်းအဝေးကို တက်ရောက်သွားဖို့မျှော်လင့်ထားတယ်လို့ Guardian သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်အရေးအပါအဝင် ပြင်းထန်တဲ့ ပြောဆိုမှုတွေပါဝင်ခဲ့တဲ့ မစ္စတာရှီနဲ့ မစ္စတာ ဘိုင်ဒန် အကြား (၂) နာရီကျော်ကြာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့တွေ့ဆုံမှုအတွင်းလူချင်းတွေ့ဆုံနိုင် ဖို့အတွက် ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

တရုတ်ရဲ့ ရန်လိုမုန်းထားပြုမူလာတဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျွန်းနိုင်ငံ ကို ဒီမိုကရေစီနည်းကျ လည်ပတ်နိုင်ဖို့နဲ့ ရေကြောင်းနဲ့ လေကြောင်းသွားလာခွင့်ဆိုင်ရာ ရပိုင်ခွင့် တွေကို သေချာစေဖို့အတွက် ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါ တယ်။ 

အမေရိကန်တပ်ဖွဲ့တွေ ထိုင်ဝမ်ရေလက်ကြားကို နောက်လာမယ့် ရက်ပိုင်းအတွင်း ကူးပြောင်းလာ နေတဲ့ အတောအတွင်း ကုန်သွယ်ရေးအစီအမံအသစ်ကို ရက်ပိုင်းအတွင်း ထုတ်ဖော်သွားမယ်လို့ မစ္စတာ ကမ့်ဘဲလ် က ပြောဆိုထားပါတယ်။ 

လူပြောများနေတဲ့ နန်စီပီလိုစီရဲ့ ခရီးစဉ်ကို အကြောင်းပြုပြီး တရုတ်ဟာ ကျွန်းနိုင်ငံရဲ့ မပြောင်း မလဲတည်ရှိနေတဲ့ အနေအထားကို ပြောင်းလဲဖို့ ကြိုးစာနေတယ်လို့ သတင်းထောက်တွေကို ပြော ဆိုခဲ့ပါတယ်။

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.