မော်လမြိုင် – ဩဂုတ်(၁၃)

အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ စီးပွားရေးဓားပြတိုက်ရမ်းကားမှုကြောင့် သက်ရောက်မှု လှိုင်းတွေကြီးမြင့်လွန်းလာလိမ့်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ငွေကြေးလဲလှယ်မှု သမိုင်းမှာ မြန်မာကျပ်ငွေဟာ အဆိုးရွားဆုံးတန်ဖိုးကျဆင်းသွားပြီး အမေရိကန် (၁) ဒေါ်လာနဲ့တွက်ရင်တောင် နာရီရီပိုင်းအတွင်းရာချီ ပြောင်းလဲနေတာလို့ ဆိုထား ပါတယ်။

“ပြည်သူအားလုံးရဲ့ လက်ဝယ်ပိုင်ငွတန်ဖိုးအားလုံးနေရင်းထိုင်ရင်း နာရီပိုင်းအတွင်း ကမ္ဘာစံချိန် တင်မတရားပြုတ်ကျသွားတာပါ။ ဖြူစင်တတဲ့ အသက်မွေးမှုနဲ့ ချွေးနှဲစာရှာဖွေသူများအတွက် ဘယ်လောက်နစ်နာပါသလဲ။ စစ်တပ်နဲ့ပေါင်းစားအသိုင်းအဝိုင်းကရော လွတ်ပါသလား” လို့ ဦးမင်းကိုနိုင်က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာငွေတန်ဖိုး အလွန်အမင်ကျဆင်းနေပြီး ဒေါ်လာစျေး၊ရွှေစျေး နဲ့ စက်သုံးဆီစျေးတွေ အစမတန် မြင့်တက်နေတဲ့အတွက် ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က တော့ (၆) လအတွင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရ မယ်လို့ ကြွေးကြော်နေပေမယ့် ပြည်သူတွေမှာ နေ့စဉ်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် စားဝတ်နေရေးအတွက်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

“စကစ ရိုက်ထုတ်တဲ့ ငွေစက္ကူအပေါ် ပြည်သူတွေအယုံအကြည်မဲ့ပုံကတော့ လက်ထဲကို မထားရဲ၊ ရရာစျေးနဲ့ ရုပ်ဆင်းပျက် သူထက်ငါဦးအောင်ဝယ်ကြ လဲကြတော့တာပါပဲ။ အဲ့ဒီအကျိုးဆက် တွေပါပဲ။ မကြာခင်ဆန်တစ်အိမ်ကို ငွေစက္ကူအရွယ်တူ တစ်အိတ်နဲ့ လဲယူရတဲ့ အခြေအနေထိ ကြိုတွေးထားရတော့မှာပါ” လို့ ဦးမင်းကိုနိုင်က ပြောဆိုထားပါတယ်။

ပြည်သူတွေရဲ့ ပြေးမိရားစုပြုံပြေးလွှားမိကြလို့ တဖက်စောင်းပြီး စုံးစုံးမြုပ်သွားမှာကိုလည်း စစ်ကောင်စီ အနေနဲ့ တွေးထားတဲ့ပုံမရှိဘူးလို့ ဆိုထားပါသေးတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ အခြေခံပြည်သူတွေ အများဆုံး စားသုံး နေတဲ့ ဧည့်မထ ဆန်တစ်အိတ်ဟာ ကျပ်(၂) သောင်းကနေ (၄) သောင်းလောက်ထိ စျေးနှုန်း မြင့်တက်လာသလို စားသုံးဆီ(၅၀)သားတစ်ဗူးကလည်း ကျပ်(၂)ထောင်ကနေ (၅)ထောင် နီးပါး ထိစျေးနှုန်းမြင့်တက်လာတာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူ (၂) သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ပြောဆိုထား ပါတယ်။

မြန်မာနိုင်ငံမှာ လက်တလော အခက်အခဲဖြစ်နေတဲ့ စက်သုံးဆီနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စက်သုံးဆီ မူဝါဒဟာ စျေးကွက်ကို အခြေခံတဲ့ စနစ်မဟုတ်တော့ပဲ လူထုသက်သာရာကို ကြည့်မှာ မဟုတ်သလို လူတစုမျက်နှာကိုသာကြည့်မယ့်စနစ်မျိုးဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ဝေဖန်ထားပါတယ်။

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်လာပြီး လိုသလောက် ဝယ်ယူလို့မ ရတာကြောင့် အခက်အခဲတွေ ဖြစ်လာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထား ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဟာ စစ်ကောင်စီက စက်သုံးဆီ ဈေးကွက်ကို ထိန်းချုပ်ထားပြီး လိုသ လောက် ရောင်းပေးတာ မရှိတဲ့အတွက် ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသလို တချို့ဆိုင်တွေမှာဆိုရင် ခွဲတမ်းနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က စက်သုံးဆီစျေးနှုန်းဟာ တစ်လီတာကို ကျပ်(၆၀၀) လောက်သာရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ တစ်လီတာကို ကျပ်(၂၃၀၀) ကျော်အထိ စျေးနှုန်းမြင့်တက်လာသလို မကြာခဏ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.