Former Sri Lankan President Gotabaya Rajapaksa arrives at the Bangkok's Don Mueang International airport, Thailand, August 11, 2022. REUTERS/Tananchai Keawsowattana NO RESALES. NO ARCHIVES

ဘန်ကောက် – ဩဂုတ်(၁၃) 

သီရိလင်္ကာ ဖြုတ်ချခံသမ္မတ ဂိုတာဘရာ ရာဂျာပက်ဆာဟာ နိုင်ငံက ထွက်ပြေးပြီးနောက် အရှေ့တောင်အာရှမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံအဖြစ် ထိုင်းနိုင်ငံကိုဩဂုတ်လ (၁၁) ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားပါတယ်။ 

မစ္စတာ ဂိုတာဘရာဟာ စင်္ကာပူနိုင်ငံ Seletar လေဆိပ်ကနေ ထိုင်းဒွန်မောင်းလေဆိပ်ကိုည(၈) နာရီမှာ ရောက်ရှိလာခဲ့တာပါ။ 

ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူတွေဟာ သမ္မတအိမ်တော်နဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်း ခဲ့တာကြောင့် သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က မော်လ်ဒိုက်မြို့က တဆင့် စင်္ကာပူနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။ 

မစ္စတာ ဂိုတာဘရာ ဟာ စင်္ကာပူနိုင်ငံကို ရောက်ပြီး မကြာခင်မှာပဲ ရာထူးကနှုတ်ထွက်ခဲ့ကာ စင်္ကာပူဗီဇာ သက်တမ်းကုန်တဲ့နေ့မှာတော့ ထိုင်းနိုင်င့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

သီရိလင်္ကာသမ္မတဟောင်းအနေနဲ့ ထိုင်းနိုင်ငံမှာ ယာယီသာနေခွင့်ရနိုင်ပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိဖို့ မဖြစ်နိုင်ဘူးလို့ ဘန်ကောက်ပိုစ့်သတင်းဌာနမှာဖော်ပြထားပါတယ်။ 

“ ဒါဟာ လူ့အခွင့်အရေးဆိုင်ဟာ ကိစ္စဖြစ်တာမို့ ခဏတာနေထိုင်ဖို့စီစဥ်ပေးတာဖြစ်တယ်လို့” ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် မစ္စတာ ဂိုတာဘရာအနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်းနေချိန်အတွင်းမှာ ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုကိုမှ လုပ်ဆောင်ခွင့်ရမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Don Pramudwinai ကတော့ ဒီကိစ္စကို လက်ရှိသီရိလင်္ကာ အစိုးရက လက်ခံပေမယ့် မစ္စတာဂိုတာဘရာကို နိုင်ငံကူးလက်မှတ်သက်တမ်းအရ ရက်ပေါင်း (၉၀) သာ နေခွင့်ပြုဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။ 

မစ္စတာ ဂိုတာဘရာ ဟာ သူ့ကို ဆန့်ကျင်ဆန္ဒပြသူတွေငြိမ်သက်သွားပြီးဖြစ်တဲ့အတွက် သီရီလင်္ကာ နိုင်ငံကိုပဲ ပြန်ဖို့ ဆန္ဒရှိနေတယ်လို့ သူ့ရဲ့ လူယုံတစ်ဦးက AFP သတင်းဌာနကို ပြောဆိုထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်းမှာဖော်ပြထားပါတယ်။ 

သီရိလင်္ကာသမ္မတဟောင်းဟာ ထိုင်းနိုင်ငံမှာ ခဏတာ ခိုလှုံမယ့်အခြေအနေရှိပြီး စင်္ကာပူ နိုင်ငံကို ပြန်သွားမယ့် ပုံလဲ မရှိတဲ့အတွက် သီရိလင်္ကာကို ပြန်ဖို့ စီစဉ်နေတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.