မော်လမြိုင် – ဩဂုတ်(၁၃)

တော်လှန်ရေးကာလ(၁) နှစ်ကျော်ကြာလာတာနဲ့ အမျှ တော်လှန်ရေးအင်အားစုတွေကြား စစ်ကောင်စီ ရဲ့ သွေးခွဲသပ်လျှိုမှုတွေကို သတိထားဆောင်ရွက်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မ တီအစည်းအဝေး အမှတ်စဉ်(၂၄/၂၀၂၂) မှာ အခုလိုပြောဆိုခဲ့တာပါ။

“အထူးအုပ်ချုပ်ရေး ဒေသအစည်း အဝေးမှာ အမှတ်(၁)စစ်ဒေသ ကွပ်ကဲရေးမှူးပါ တက်ရောက်တဲ့ အတွက် ပိုမိုအင်အား ဖြစ်ထွန်းရတယ်၊ တော်လှန်ရေး ကာလ တစ်နှစ်ကျော်ကြာလာတာနဲ့အမျှ တော် လှန်ရေးအင်အားစုတွေအကြား စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုမှုတွေ ကိုလည်း သတိထားဆောင် ရွက်ကြရမည်ဖြစ်တယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ ဒုက္ခတွေလျော့ပါးပျောက်ကွယ်စေဖို့ NUG အစိုးရအနေနဲ့ ဦးစားပေး လုပ်ဆောင်ရမှာနဲ့ တော်လှန်ရေးအောင်မြင်စေဖို့ ကြိုးစားဆောင်ရွက်ချိန်မှာလည်း တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ မပြတ်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

အစည်းအဝေးကို ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး တွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွ၊အမြဲတမ်းအတွင်းဝန်တွေအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူ တွေတက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်တွေက (၂၃/၂၀၂၂) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီဂဌာနအလိုက်ဆောင်ရွက်ထားတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.