မော်လမြိုင် – ဩဂုတ်(၁၁)

အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီ နဲ့ မွန်ပြည်နယ် အတိုင်ပင်ခံ ကောင်စီတို့ အလွတ်သဘောတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာ မဟာမိတ်ဆက်ဆံရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ စုပေါင်းဦးဆောင်မှုနဲ့ ပါဝင်စုဖွဲ့ထားမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်င့ရေးရည်ရွယ်ချက်၊နိုင်ငံရေးလမ်းပြမြေပုံ၊လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များကိုနှစ်ဘက်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ လတ်တလော ဆောင်ရွက်ဖို့လိုအပ်တဲ့ ပညာရေး၊ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်အခွင့်အရေးစတဲ့ ပြည်သူ့ရေးရာ ကိစ္စရပ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မဟာမိတ်ဆက်ဆံရေးကော်မတီဘက်က အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ အပါအဝင် တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြသလို မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) ဘက်က ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.