ကော်သူးလေ – ဩဂုတ်(၁၂)

ကရင်လူမျိုးတွေနဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက် ရေးအတွက် ကရင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့ ပါတယ်။

ဒီနေ့ ဩဂုတ်လ(၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့တာပါ။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နဲ့တကွ ကရင်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့နေ့ကို အာဇာနည်နေ့အဖြစ်ကျင်းပလာတာဒီနေ့ဆိုရင် (၇၂) နှစ်မြောက် ရှိလာပြီဖြစ်ပြီး ဒီနေ့ဟာ ကရင် လူမျိုးတွေရဲ့ သမိုင်းနဲ့ ကရင်တော်လှန်ရေး သမိုင်းမှာ မေ့ပျောက်မရတဲ့ အောက်မေ့ဖွယ်နေ့ ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

ဥက္ကဌ စောဘဦးကြီး ချမှတ်ခဲ့တဲ့ လမ်းညွှန်မူ(၄) ချက်ကို မဆုတ်မနစ်ကိုင်စွဲပြီး ကရင်အမျိုးသား တော်လှန်ရေးအတွက်သာမက ပြီးခဲ့တဲ့ နှစ်ပေါင်း(၇၀) ကျော်ကစပြီး မျက်မှောက်ခေတ် နွေဦး တော်လှန်ရေးအထိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံပြီး ဦးဆောင်တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီရေး ၊တန်တူးရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် သန္နိဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.