တနင်္သာရီ ၊ သြဂုတ် (၁၂)

တနင်္သာရီတိုင်းဒေသကြီးတို့မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိလာတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတချို့ ယာယီရပ်နားလာကြတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအသင်းတွေဟာ စစ်တပ် အာာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊အလှူငွေ ရရှိမှု နည်းပါးလာတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ယာယီရပ်နားလာကြတာ ဖြစ်ပါတယ်။

သက်တမ်း ၉ နှစ်ကျော်ရှိလာတဲ့ ထားဝယ်ခရိုင်မှာ အကြီးဆုံး လူမှုကူညီရေးအသင်း တစ်သင်းဖြစ်တဲ့ ဇမ္မူသီရိအဖွဲ့ကလည်း စက်သုံးဆီအခက်ခဲနဲ့ ရန်ပုံငွေ မလုံလောက်တာကြောင့် အခမဲ့ ကူညီသယ်ဆောင်ရေး လုပ်ငန်းတွေကို ယာယီရပ်နားလိုက်ပြီး သြဂုတ် ၁၁ ရက်နေ့မှာ ကြေညာလာတာပါ။

လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီအပါအဝင် အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်လာတဲ့အတွက် ကယ်ဆယ်အသင်း အများစု ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

တဖက်မှာတော့ လူမှုကယ်ဆယ်ရေးအသင်းတွေဟာ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်ကြုံနေကြတာပါ။

လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေ အဆိုအရ မကြာမီကာလအတွင်း လူမှုကယ်ဆယ်ရေးအသင်းအများစု ရပ်နားလာနိုင်တယ်လို့ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.