ပွင့်ဖြူ – ဩဂုတ်(၁၂)

အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ တရုတ်ကို ဆန့်ကျင်တဲ့အနေနဲ့ Freedom People Force ကဦးဆောင်ပြီး မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာတွေကို မီးလောင်တိုက်သွင်းပြီး ပြည်သူတွေကို သတ်ဖြတ် နေတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ တရုတ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“စစ်ကောင်စီဘက်မှာရပ်တည်နေတဲ့တရုတ်နိုင်ငံအနေနဲ့ပြည်သူတွေရဲ့ဆန္ဒကိုနားထောင်ပေးပါ။ပြည်သူတွေကလိုချင်တဲ့ဆန္ဒကဘာလဲ။တရုတ်ရဲ့အကျိုးးစီးပွားကိုဒီထက်များပိုပြီးတော့ တစ်ခုခု များဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်တာဝန်ခံတာဝန်ယူရမယ်ဆိုရင်ဘယ်သူလဲဆိုတာ တရုတ်ကဆုံး ဖြတ်ရတော့မှာ” လို့ ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ ကိုလက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေဟာ မြန်မာနိုင်ငံရေးအခြေအနေတွေကြောင့် ရန်သူမိတ်ဆွေ လုံးဝကွဲပြား သွားပြီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီဘက်က ရပ်တည်နေတဲ့ တရုတ်နိုင်ငံကို ပြည်သူတွေက ကန့်ကွက်နေပြီး တရုတ်ထုတ်ကုန်တွေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့လှုပ် ရှားမှုတွေလဲ ပြုလုပ်နေကြပါတယ်။

ဆန္ဒပြပွဲမှာ ပြည်သူ့သဘောထားကပြတ်သားနေပြီ တရုတ်၊ လူသတ်စစ်တပ်ဘက်မရပ် တည်ပါနဲ့ တရုတ်၊ ရန်သူမိတ်ဆွေ တရုတ်ခွဲခြားသိချိန်တန်ပြီ၊ တရုတ်နိုင်ငံရေ မြန်မာပြည်သူ တွေရဲ့ ဆန္ဒကို အလေးထားပါဆိုတဲ့ အချက်(၄) ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Freedom People Force ဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေစုပေါင်းထားတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ်လ(၇) ရက်နေ့ကလည်း မကွေးတိုင်း ငဖဲမြို့နယ်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်မ်း

ဓာတ်ပုံ – Freedom People Force

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.