August 12, 2022

မျိုးဆက်သစ်ရဲ့ အားနဲ့မာန်ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ရန်

ယင်းမာပင် – ဩဂုတ်(၁၂) ဒီနေ့ ဩဂုတ်လ(၁၂) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ကော်မတီ ကဦးဆောင်ပြီး “မျိုးဆက်သစ်ရဲ့အားနဲ့မာန် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန်” ဆိုခဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရ

မော်လမြိုင် ၊ သြဂုတ် (၁၂) မွန်ပြည်နယ်တဝန်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် အိမ်ခြေ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ပြည်နယ်အတွင်းမှာ ကားလမ်း ရေကျော်တာနဲ့ မြေနိမ့်ပိုင်း ရပ်ကွက်၊ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။…