မော်လမြိုင် – ဩဂုတ်(၁၀)

မွန်တော်လှန်ရေးအတွက်အသက်ပေးလှူတိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ဆက်လက်တော်လှန်နေကြတဲ့ ခေါင်းဆောင်တွေကို လေးနက်စွာ အသိအမှတ်ပြုပြီး ဦးညွတ် အလေးပြုတယ်လို့ မွန်ပြည်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။

(၇၅) နှစ်မြောက်မွန်တော်လှန်ရေးနေ့အတွက် NRFF,MNN,MNC-A နဲ့ MRO တို့ က စုပေါင်းပြီး သတင်းထုတ်ပြန်ထားတာပါ။

သက္ကရာဇ် ၁၃၁၀ ဝါခေါင်လပြည့်နေ့မှာ မွန်လူငယ်တွေဦးဆောင်ပြီး ဘားအံမြို့နယ် ဇာသပြင် ကျေးရွာက ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်တဲ့ နေ့ကစတင်ခဲ့တဲ့ မွန်တော်လှန်ရေးနေ့ဟာ ဒီနေ့ ၁၃၈၄ ဝါခေါင်လပြည့်နေ့မှာ (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

မွန်တော်လှန်ရေးနေ့မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာကို ယုံကြည်လက်ခံပေ မယ့် စစ်တပ်က လက်နက်အားကိုးပြီး ပြည်သူတွေဆီက နိုင်ငံရေးအာဏာ အဓမ္မသိမ်းယူ လိုက် တဲ့အတွက်နိုင်င့ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လမ်းပိတ်သွားပြီး တခြားနည်း လမ်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားဖို့ လိုအပ်လာပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ဒေသတွေမှာ တခြားဒေသတွေလို စစ်ပွဲမပြင်းထန်ပေ မယ့် ပြည်သူတွေဟာ ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီး စားဝတ်နေရေး ကြပ်တည်းတာ ကလေးသူငယ်တွေ ပညာသင်ကြားရေးဆုံးရှုံးနေရတာနဲ့ ပြည်နယ်အတွင်းက ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ များပြားလာတာဟာ စစ်အာဏာသိမ်းမှုရဲ့ ဘေးဆိုတွေလို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရတဲ့ မွန်လူမျိုး တွေတဖြည်းဖြည်းများလာပြီး ဒီကိစ္စကို မဆန့်ကျင် မကန့်ကွက်ရင် ပိုမိုဆိုးရွာလာနိုင်တဲ့ အတွက် စစ်အာဏာသိမ်းတာကို သာမာန်ဖြစ်စဉ်တစ်ခုအဖြစ် မရှုမြင်ဘဲ မွန်အမျိုးသားလွတ်မြောက်ရေး အတွက်နည်းလမ်းရှာပြီး တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဆီကနေ ဆွေးနွေးတောင်းဆိုပြီး ရာမညမွန်ပြည်ကို ပြန်လည် တည်ဆောက်နိုင်မှာ မဟုတ်တဲ့အတွက် NRFF,MNN,MNC-A နဲ့ MRO တို့က မွန်တို့ရဲ့ တော်လှန်ရေးဆုံးခန်းမတိုင်သေးဘူးလို့ ခံယူထားတဲ့အတွက် စုပေါင်းတိုက်ပွဲဝင်သွားဖို့ တိုက်တွန်း ထားပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီကို မွန်အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ မပါဝင်ဖို့၊စစ်တပ်ထုတ်ကုန်တွေကို အသုံးမပြုဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစု တွေမှာ အားဖြည့်ကူညီတဲ့ နည်းလမ်းတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သွားဖို့ အပါအဝင် အဓိက အချက်(၃) ချက်နဲ့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.