မြိုင် – ဩဂုတ်(၁၁)

မကွေးတိုင်း မြိုင်မြို့နယ်က ကျေးရွာ(၃) ရွာကို စစ်ကောင်စီတပ်တွေက ဩဂုတ်လ(၁၁) ရက်နေ့ မနက်(၁) နာရီလောက်ကစပြီး မီးရှို့နေတဲ့အတွက် ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မြိုင်မြို့နယ်က ရေထွက်ရွာကို မနက်(၁) နာရီက မီးစရှို့တာဖြစ်ပြီး မနက်(၇) နာရီမှာ ပန်းတိုင်းတောရွာနဲ့ မနက်(၉) နာရီမှာ ညောင်ရွာတို့ကို မီးရှို့ခဲ့တာပါ။ “ပျုတွေပါဗျာ လူမှု့ရေးအမုန်းနဲ့ လုပ်တာ။ရွာထိပ်ကိုမိုင်းတေထောင်တာလဲ သူတို့ပဲ။သူတို့ဘာသာ ထောင်သူတို့ပဲစစ်တပ်ခေါ်တာ။တွင်းမ ဝက်ပုတ်က ပျူတေလေ။အချင်းချင်းတောင်လည်လှီး သတ်တာ။မခံချင်ဖြစ်ပီးရွာသားတွေpdfထဲဝင်လာကြရော။အင်အားတိုးတာပေါ့” လို့ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဩဂုတ်လထဲမှာ ကျေးရွာခြောက်ရွာကျော် မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၉)ရက်နေ့ကလည်း သစ်ပုလွေးကုန်းရွာ၊ အိုရင်းရွာ၊သာစည်၊နှမ်းဆီကန်၊ ပေါက်ပင်ကိုင်းရွာနဲ့ ဩဂုတ်လ(၁၀) ရက်နေ့က အိုးဘိုးရွာ၊ကွမ်းတောရွာတို့ကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ကန်နက်ရွာ၊ ပျူရွာကန်နီ တို့ကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင်နေအိမ် ထောင်နဲ့ ချီမီးရှို့ခံထား ရသလို ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

1161168 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.