မြဝတီ ၊ သြဂုတ် (၁၁)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဘားအံ-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က တောင်မြေပြိုပြီးနောက် ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ တောင်မြေပြိုမှု ဖြစ်ပေါ်ခဲ့တာပါ။

တောင်မြေပြိုမှုကြောင့် အာရှလမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ကုန်တင်ကား အပါအဝင် ခရီးသွားကား ရာနဲ့ချီ လမ်းပိတ်ဆို့ခဲ့ပါတယ်။

တောင်မြေပြိုမှုကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် ကူညီဖြေရှင်းခဲ့တာကြောင့် နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ လမ်းတစ်ခြမ်းပြန်ပွင့်ပြီးနောက် ဖြတ်သန်းခွင့် ပြန်လည် ပေးအပ်လိုက်ပြီးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အာရှလမ်းမကြီး တောင်မြေပြိုတဲ့ အချိန်မှာ သေနတ်ပစ်ခတ်မှု တချို့ရှိခဲ့တာကြောင့် ခရီးသွားပြည်သူတွေ ယာယီပုန်းခိုခဲ့ရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ဒီကနေ့ မနက်ပိုင်းမှာ မြဝတီ အာရှလမ်းမှာ တောင်မြေပြိုပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ် ( ဓာတ်ပုံ – KIC)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.