မော်လမြိုင် – ဩဂုတ်(၁၀)

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်လို့ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာ အလုပ်သမား (၁၁၅) ဦးလွတ်မြောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်လုပ်ဆောင်နေတယ်လို့ NUG သမ္မတရုံးပြောရေးဆို ခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဩဂုတ်လ(၉) ရက်နေ့က မလေးရှားနိုင်ငံတာဝန်ရှိသူတွေက တရားမဝင်နေထိုင်သူတွေကို စိစစ် ဖမ်းဆီးတဲ့ စီမံချက်ကြောင့် မြန်မာလူမျိုးအများစုနေထိုင်တဲ့ တိုက်ခန်းတွေမှာ ဖမ်းဆီးခံခဲ့ ကြရ တာပါ။

“ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဒုက္ခ မရောက်အောင် NUG အစိုးရအနေနဲ့ မလေးရှားက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဦးဆောင် ပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေအမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဆောင်ရွက်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြော ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက် ထားမှု ဘက်က ကြည့်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့အတွက် လွတ်မြောက်လာတဲ့ သူတွေရှိနေပြီလို့ သူက ပြောပါသေးတယ်။

တခြားနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနေပြီး ဖမ်းဆီးခံထားရသူတွေကို လွတ်မြောက်အောင်နဲ့ အဖမ်းမခံရသူတွေ အတွက်လည်း စိတ်ချလုံခြုံမှုရှိအောင် NUG အနေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခြေအနေတစ်ခုထိပြီးမြောက်ရင် ပြည်ပထောက်ခံမှု ပိုရလာမှာ ဖြစ်အောင်လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

အားကိုးစရာအစိုးရတစ်ရပ်ငါတို့နောက်မှာ ရှိနေပြီလို့ ဂုဏ်ယူပါရစေ” လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကိုရဲရင်အောင် က သံလွင်တိုင်းမ် ကိုပြော ပါတယ်။

ဒါ့အပြင် ပြည်သူတွေက ပေါက်ဖွားလာတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲတွေ ကိုစာနာထောက်ထားပြီး ကူညီပေးနေတဲ့အတွက် ကြိုဆိုတယ်လို့လည်း သူက ပြောပါသေး တယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးက နိုင်ငံတွင်းမှာတရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား တွေ နေထိုင်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် နိုင်ငံခြားသား (၁၇၅)ဦးကို ကို ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား (၁၁၅) ဦးပါဝင်တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အသိအမှတ်ပြု ကဒ်(Overseas Employment Registration Card-OERC) ပြုလုပ်ပေးနိုင်ဖို့ လုပ်ဆောင်နေ တယ်လို့ ပြီးခဲ့တဲ့ မေလ(၂၇) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MG-TV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.