မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဝက်လက်မြိုနယ်မှာ အကြမ်းဖက် PDF တွေက ပြည်သူတွေရဲ့ နေအိမ်ကို ဖျက်ဆီးပြီး တန်ဖိုးရှိသည်များအားယူဆောင်သွား” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို သြဂုတ်လ ၁၀ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူတွေဖြစ်တဲ့ တပ်ကြပ်ကြီးဖိုးစည် တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရေးသားဖြန့်ဝေမှုမှာတော့ ” ဝက်လက်မြိုနယ်တွင် အကြမ်းဖက် PDF များမှ ပြည်သူတွေရဲ့ နေအိမ်အတွင်းဝင်ရောက်ကာ ပစ္စည်းများအားဖျက်စီး၍ တန်ဖိုးရှိသည်များအားယူဆောင်သွားကြောင်း သိရှိရ” ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာပါ။

သတင်းမှားဖြန့်ဝေနေတဲ့ တပ်ကြပ်ကြီးဖိုးစည် တယ်လီဂရမ်ချန်နယ် လင့်https://t.me/sgtphoesi/11037?singleအဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်မှာ ဝက်လက်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ဩဂုတ်လ (၈)ရက်နေ့မှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရေလမော်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်ခြောက်လုံးကိုမီးရှို့သွားခဲ့တယ်လို့ BBC သတင်းဌာနက ဖော်ထုတ်ရေးသားထားပါတယ်။ဒီဖြစ်စဉ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ရွာတွေထဲ ဝင်ရောက်လာတာလို့ BBCသတင်းဌာနက ဆိုပါတယ်။

“ဧရာဝတီအရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ စဉ့်ကူဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေက ဒီဘက်အနောက်ဘက်က ဝက်လက် အပိုင်ရွာတွေထဲကိုဝင်တာပါ။ အခုဒီမနက်လည်း အင်တောင်းရွာကို ဆက်ဝင်နေတယ်”လို့ ဝက်လက်ဒေသခံတွေက BBC သတင်းဌာနကို အတည်ပြု ပြောဆိုထားပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

BBC သတင်းဌာန ဖော်ပြမှုhttps://m.facebook.com/story.php?story_fbid=5523914357664404&id=166580710064489

MandalayFreePress(MFP)သတင်းဌာန ဖော်ပြမှုhttps://fb.watch/ePerAYge6X/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ဝက်လက်မြိုနယ်တွင် အကြမ်းဖက် PDF များမှ ပြည်သူတွေရဲ့ နေအိမ်များဖျက်စီး၍ တန်ဖိုးရှိသည်များအားယူဆောင်သွား” ဆိုတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းအမှားသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.