ဟားခါး – ဩဂုတ်(၁၀)

အာဏာသိမ်းစစ်တပ်အနေနနဲ့ သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့ မြို့ပြင်ကို ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ Chinland Defense Force-Hakha က ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အာဏာ၊ပြည်သူ့အာဏာကို မတရားလုယူထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာပါ။

ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ မနက်ပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် Hniarlwn ရွာက ပြည်သူတစ်ဦး သေဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ဟားခါးမြို့နယ်အတွင်း စစ်တပ်လက်ချက်နဲ့ ပြည်သူ(၆) ဦးသေဆုံးခဲ့ သလို လူနေအိမ်(၃၀) ကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်ကျူး လွန် တဲ့ စစ်ကောင်စီတပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူတွေဆုံးရှုံးခဲ့ရတဲ့ နစ်နာ မှုနဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူဖြေရှင်းရမယ်လို့လည်း ဟားခါး CDF က သတိပေးထား ပါတယ်။

ဟားခါးမြို့နယ်အတွင်းက စစ်ကောင်စီလက်ပါးစေ ရာထူးခံ လူပုဂ္ဂိုလ်များ၊Non CDM နဲ့ ဒလန် တွေကို CDF-Hakha ရဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

CDF-Hakha အနေနဲ့ စစ်ကောင်စီတပ်ကို ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.