မြို့သစ် – ဩဂုတ်(၁၀)
မကွေးတိုင်း မြို့သစ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဗိုလ်ကြီး(၃) ပွင့်အပါအဝင် (၃) ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ(၉) ရက်နေ့က မြို့သစ်မြို့နယ် ကနီကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးစည်းရုံးနေစဉ်မှာ ဒလန်သတင်းပေးခဲ့တဲ့အတွက် စစ်ကောင်စီ အင်အား (၃၀) ဝန်းကျင်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီက ပိတ်ဆို့ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက် အင်အား မမျှတတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က အကြီးတန်းတာဝန်ခံ တစ်ဦးအပါအဝင် ရဲဘော်(၆) ဦးကျဆုံးခဲ့ပြီး ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်(၆) ဦးနဲ့ ပြည်သူတစ်ဦးကို ဗိဿနိုး PDF ရဲ့ သူရဲကောင်းတွေအဖြစ် သတ်မှတ်ပြီး ရဲဘော်တို့ရဲ့ ပကတိ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ရေးအတွက် ကျန်ရှိနေတဲ့ ရဲဘော်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါ တယ်။
ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့ ဗိဿနိုးနယ် မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်