မော်လမြိုင် – ဩဂုတ်(၁၀)
တောင်တန်းမြေပြန့်မခွဲခြားဘဲ တန်းတူညီမျှရရှိမှု လွတ်လပ်မှုနဲ့ တရားမျှတမှု စတဲ့ ဖက်ဒရယ်စံချိန် စံညွှန်းတွေနဲ့ပြည့်စုံတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကချင်အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားညီနောင်တွေနဲ့ အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ကချင်အမျိုးသားတွေရဲ့ လွတ်လပ်ရေး အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ ကိုမလိုမုန်းထားသူရန်သူဘက်က ကချင်တို့ရဲ့ တော်လှန်ရေးခရီးစဉ်ကို မှေးမှိန်ပျောက်ကွယ်စေလို တဲ့အတွက်လုပ်ကြံသတ်ဖြတ်ခံရတဲ့မေ့ကို အောက်မေ့တဲ့အနေနဲ့ ကချင်အာဇာနည်နေ့ အဖြစ် ကျင်းပ လာတာ(၄၇) နှစ်ရှိပြီဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာမတရားဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ တန်းတူအခွင့်အရေးအတွက် ရဲဝံ့စွာဆန့်ကျင် တော်လှန်ခဲ့ကြတဲ့ ကချင်လူမျိုးတွေဟာ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော် လှန်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းမှာလဲ ဒီမိုကရေစီအင်အားစုတွေနဲ့အတူတကွ ခိုင်မာစွာ ရပ်တည်ပြီး အာကောင်းတဲ့ တော်လှန်ရေးအင်အားစုကြီးအဖြစ် လက်တွဲကြိုးပမ်းနေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်