မော်လမြိုင်၊ ဩဂုတ် ၁၀

AAPP ၏ ဩဂုတ်လ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၅)အတွင်း ပြည်သူ (၂၁၇၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူပေါင်း ၁၅၀၇၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင် ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ကိုးကား – AAPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.